မက္ကဆီနယ်စပ်တံတိုင်း

January 8, 2019

မက္ကဆီကို နယ်စပ်တံတိုင်းကို သံမဏိဖြင့်ဆောက်ရန် ဖြစ်နိုင်ချေရှိဟု ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရာမှာ ကွန်ကရိအစား သံမဏိနဲ့ဆောက်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ဇန်နဝါရီ ၆ ရက်မှာ ပြောလိုက်ပါတယ်။ သီတင်း ၃ ပတ်ထဲ ရောက်နေပြီဖြစ်တဲ့ အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းမှု အဆုံးသတ်ရေး အပေးအယူလုပ်ကြောင်း ပြတဲ့အနေနဲ့ ခုလို ပြောလိုက်တာလို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ Camp Davis ဆီကို ရဟတ်ယာဉ်နဲ့မသွားခင် အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။ တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေလည်း အခြေအနေကောင်းတယ်၊ တရုတ်စီးပွားရေးအတွင်း အားနည်းချက်ဟာ တရုတ်အစိုးရက သဘောတူလာအောင် လုပ်ဖို့ အကြောင်းပြချက် ဖြစ်နေတယ်လို့လည်း ထရမ့်က ပြောပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်သီးညီလာခံ ထပ်ကျင်းပဖို့ အလားအလာအတွက် နေရာရှာနေတယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။
3 years Ago
Up