မက္ကဆီကို ဆေးခြောက်ပွဲတော်

April 21, 2018

မက္ကဆီကို ဆေးခြောက်ပွဲတော် လူရာချီ ဆင်နွှဲ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့ ပန်းခြံတခုမှာ ဧပြီ ၂၀ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ ဆေးခြောက်ပွဲတော်ကို ရာနဲ့ချီတဲ့ လူတွေ တက်ရောက်ခဲ့ပါတယ်။ ပါဝင်ဆင်နွှဲကြသူတွေဟာ ဆေးတံ၊ ဆေးလိပ်တွေနဲ့ပြင်ဆင်ပြီး ဆေးခြောက်ရှူခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ သမ္မတ အင်ဒရေ ပေနာ နေးတိုက နိုင်ငံသားတွေ ဆေးခြောက်တစ်ပေါင် သယ်ဆောင်ခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်က အဲဒီ ဥပဒေကို ကန့်ကွက်ခဲ့ပါတယ်။ “ကျနော့်အတွက်ကတော့ ဒါက သိပ်မဆိုးဘူးလို့ ထင်ပါတယ်။ လူတွေက မကောင်းဘူးလို့ ပြောကြပါတယ်။ မူးယစ်ဆေးတွေနဲ့ တွဲသုံးရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါက သဘာဝအပင် တစ်ပင်ပါ။ ဓာတုပစ္စည်းမဟုတ်ပါဘူး။ ဒါက မြေကြီးကပေါက်တဲ့ အပင်ပါပဲ” လို့ ဆေးခြောက်သုံးစွဲသူတဦးက ပြောပါတယ်။ မက္ကဆီကိုမှာ ဇူလိုင် ၁ ရက်နေ့ သမ္မတ ရွေးကောက်ပွဲအတွက် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒပိုင်းက အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ ရွေးကောက်ပွဲအတွက် တစ်ပြေးနေတဲ့ လက်ဝဲယိမ်းဝါဒီ အန်ဒရေ မန်နူရယ် လိုပတ်ဇ် အိုဘရာဒေါက နိုင်ငံတွင်းအကြမ်းဖက်မှုတွေကို လျှော့ချနိုင်ဖို့၊ ဒုစရိုက်ဂိုဏ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ့် အစီအစဉ်ကိုလည်း ထုတ်ဖော်ပြောကြားထားပါတယ်။ အစိုးရ စာရင်းအင်းတွေအရ မက္ကဆီကိုနိုင်ငံအတွင်း မူးယစ်ဆေး ဖြန့်ဖြူးမှုကို ထိန်းချုပ်ဖို့ မူးယစ်ဂိုဏ်းတွေကြား ဈေးကွက်လုတိုက်ပွဲတွေကြောင့် ၂၀၁၇ ခုနှစ်က လူ ၂ သောင်း ၉ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။
3 years Ago
Up