မက္ကဆီကို အီစတာပွဲတော်အတွင်း

March 31, 2018

မက္ကဆီကို အီစတာပွဲတော်အတွင်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

  မက္ကဆီကိုနိုင်ငံ အကာပါလ်ကိုမြို့က အီစတာပွဲတော်အတွင်း မတ် ၃၀ ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ ၂ ယောက် သေဆုံးပါတယ်။ ဒေသခံ ရဲနဲ့ အရင်က ကားတစီးကို ခိုးဖူးတဲ့ လက်နက်ကိုင်အုပ်စုတွေကြား ပစ်ခတ်ခဲ့တာလို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ ရောမခေတ် စစ်သားတွေလို ဝတ်စားထားတဲ့ လူတွေ ပြေးလွှားပြီး ပုန်းခိုစရာ နေရာရှာ နေပုံနဲ့ တခြားလူတွေက ပြည်သူတွေ စိတ်အေးအေးထားဖို့ ပြောဆို ကြိုးစားနေပုံ ရုပ်သံတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တွေ့ရပါတယ်။ အကာပါလ်ကိုမြို့ဟာ မက္ကဆီကိုရဲ့ လူသတ်မြို့တော် ဖြစ်ပြီး ကမ္ဘာ့အန္တရာယ်အကြီးဆုံး မြို့တွေထဲက တမြို့အဖြစ် အာဖဂန်နစ္စတန်နဲ့ အီရတ်မြို့တော်တွေနဲ့ တန်းတူ အဆင့်သတ်မှတ် ခံထားရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up