မက္ကဆီကို မီးတောင်ကြီး ကြောက်မက်ဖွယ် ပေါက်ကွယ် (ရုပ်သံ)

February 5, 2017

မက္ကဆီကို မီးတောင်ကြီး ကြောက်မက်ဖွယ် ပေါက်ကွဲ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံက ကိုလီမာမီးတောင်ဟာ ဖေဖော်ဝါရီ ၃ ရက်က ထူးထူးခြားခြား ထပ်မံပေါက်ကွဲခဲ့ပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ အမြင်ပေ ၁၃၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ ပေါက်ကွဲမှုပြင်းထန်တဲ့အတွက် မီးခိုးနဲ့ပြာမှုန်တွေ မြင့်တက်နေတာကို အဝေးကနေမြင်နိုင်ပြီး အဲဒီပြာမှုန်တွေဟာ မီးတောင်ပတ်ပတ်လည် ဒေသတွေဆီ ပြန်လည်ကျရောက်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ မီးတောင်ပေါက်ကွဲမှု ပြင်းထန်ပေမယ့် အနီးတ၀ိုက်နေထိုင်သူတွေကို လောလောဆယ် နေရာပြောင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။ ပေ ၁၂၅၀၀ အမြင့်ရှိတဲ့ ကိုလီမာမီးတောင်ဟာ မက္ကဆီကိုနိင်ငံမှာ ပေါက်ကွဲမှုအကြိမ် အများဆုံး မီးတောင်တွေထဲက တခုဖြစ်ပါတယ်။ အဲဒီမီးတောင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ပြန်လည်အသက်ဝင်လာပြီး အကြိမ်အတော်များများ ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုတွေအတွင်း မီးခိုးနဲ့ပြာမှုန်တွေဟာ  တခါတရံ ပေ ၃၀၀၀ ကျော်အထိ မြင့်တက်တတ်ပြီး အခုတစ်ကြိမ်မှာတော့ ပေ-၁၃၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ဒီကနေ့ မက္ကဆီကိုနိုင်ငံကရရှိတဲ့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
4 years Ago
Up