မက္ကဆီကို ကိုလီမာမီးတောင် ဆက်လက်ပေါက်ကွဲ (ရုပ်သံ)

September 12, 2015

မက္ကဆီကို ကိုလီမာမီးတောင် ဆက်လက်ပေါက်ကွဲ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံက ကိုလီမာမီးတောင် စက်တင်ဘာ ၁၁ ရက်နေ့က ဆက်လက်ပေါက်ကွဲနေပြီး ပြာတွေ မီးခိုးတွေ လေထဲကို မှုတ်ထုတ်နေပါတယ်။ မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ကိုလီမာပြည်နယ်က Fire မီးတောင် ပေါက်ကွဲနေတာကို Webcams,de,mexico က ရိုက်ကူးခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့တည်းက မီးတောင်က စလှုပ်ရှားနေခဲ့တာပါ။ ပြီးခဲ့တဲ့ တလလုံး အနားက ရွာတွေမှာ ပြာတွေ ထူထူထဲထဲ လွှမ်းခြုံခဲ့လို့ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။ ကိုလီမာ မီးတောင်ဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ မီးတောင်နဲ့ ငလျင်ရပ်ဝန်းမှာ ရှိပြီး ၂၀၁၅ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေက လှုပ်ရှားခဲ့ပါသေးတယ်။ ၁၆ ရာစုနှစ်က စပြီး ခုထိ အကြိမ်လေးဆယ်ကျော် ပေါက်ကွဲခဲ့ဖူးပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ မီးတောင်လှုပ်ရှားမှုကို အဆက်မပြတ် လေ့လာနေပြီး လိုအပ်ရင် လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အရေးပေါ် စီမံကိန်းတွေ ရှိနေပါတယ်။
6 years Ago
Up