မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းက ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ ပေါ်တို ဗရာတာ (Puerto Vallarta) မြို့မှာ လက်နက်ကိုင်တွေက အနည်းဆုံး လူ ၁၀ ဦးကို ပြန်ပေးဆွဲသွားတယ်လို့ မက္ကဆီကိုရဲတပ်ဖွဲ့က ပြောပါတယ်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သေနတ်သမားတွေ ကား ၂ စီးနဲ့ ရောက်လာပြီး စားသောက်ဆိုင်ထဲဝင် ဖမ်းခေါ်သွားတာလို့ ပြောဆိုပါတယ်။
ပြန်ပေးဆွဲသူတွေ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ အမျိုးသမီး ၄ ဦးကိုလည်း ပြည်နယ်အာဏာပိုင်တွေက လိုက်လံရှာဖွေနေကြပါတယ်။
ပြန်ပေးဆွဲခံရသူ ၁၆ ဦးအထိ ရှိနိုင်တယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြကြပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်ပေးဆွဲသွားခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
"ပြန်ပေးဆွဲခံရသူတွေအတွက် အာဏာပိုင်တွေ အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး အခြေအနေလည်း တည်ငြိမ်သွားပြီ။ လုပ်စရာကိုင်စရာရှိတာ ပုံမှန်အတိုင်း လုပ်ကိုင်နိုင်ကြပါပြီ" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အခုပြန်ပေးဆွဲမှု ဖြစ်ခဲ့တဲ့နေရာဟာ ပေါ်တိုဗရာတာမြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်နဲ့ အစည်ကားဆုံး နေရာတနေရာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်တွေ ကားတွေနဲ့ ၀င်ရောက်လာတဲ့အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိပေမယ့် ထွက်ပြေးသွားကြတယ်လို့လည်း ဒေသခံသတင်းတွေက ဆိုပါတယ်။
5 years Ago