မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီ မူးယစ်ဆေးဝါးခိုးသွင်းဖို့ ဖောက်လုပ်ထားတဲ့ လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းလမ်းနှစ်ခုကို မက္ကဆီကို အာဏာပိုင်တွေက ဒီဇင်ဘာ ၁၂ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ BAJA CALIFORNIA ပြည်နယ် TIJUANA မြို့ကနေ နယ်စပ်မြေအောက်ဒေသကိုဖြတ်ပြီး အမေရိကန်ပိုင်နက်ထဲထိ ဖောက်လုပ်ထားတာဖြစ်ပါတယ်။
အဲဒီမြေအောက်လမ်းတွေကို စီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းက ပိုင်ဆိုင်နိုင်တယ်လို့ မက္ကဆီကိုရဲတပ်ဖွဲ့က ယူဆထားပါတယ်။
အဲဒီထဲကတခုမှာ မူးယစ်ဆေးဝါးသယ်ယူထားတဲ့ အရိပ်လက္ခဏာ တွေ့ရတယ်လို့လည်း မက္ကဆီကို အာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီမြေအောက်လမ်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အာဏာပိုင်တွေက ထုတ်မပြောပေမယ့် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံတခုကို စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကလည်း အမေရိကန်နယ်စပ် မက္ကဆီကိုပိုင်နက်ထဲမှာ ဒါဇင်နဲ့ချီတဲ့ မြေအောက်လျှို့ဝှက်လမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒီလိုမြေအောက်လမ်းတွေ ရှိနေတာဟာ မက္ကဆီကိုနဲ့နယ်စပ်ကို တံတိုင်းခတ်ချင်နေတဲ့ သမ္မတသစ် ဒေါ်နယ်လ်ထရမ့်အတွက် အခက်တွေ့စေနိုင်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago