မက္ကဆီကိုတွင် ရှေးခေတ် အခြေချနေထိုင်သူများ၏ ရုပ်ကြွင်းရှိသည့် သင်္ချိုင်းတခု တွေ့ရှိ

January 31, 2018

မက္ကဆီကိုတွင် ရှေးခေတ် အခြေချနေထိုင်သူများ၏ ရုပ်ကြွင်းရှိသည့် သင်္ချိုင်းတခု တွေ့ရှိ

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကာလ ရှေးခေတ် အခြေချနေထိုင်သူတွေရဲ့ ရုပ်ကြွင်းတွေရှိတဲ့ သင်္ချိုင်းတခုကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒီသင်္ချိုင်းကို အမျိုးသား မနုဿဗေဒနဲ့ သမိုင်းဆိုင်ရာ အင်စတီကျုက သုတေသီတွေ တွေ့ခဲ့တာပါ။ ရုပ်ကြွင်းတွေကို မက္ကဆီကို ပွန်တီဖီကယ်တက္ကသိုလ် ပရိဝုဏ်ထဲက ရှေးဟောင်းနယ်မြေရဲ့ အောက် ၅ ပေအနက်နီးပါးမှာ တွေ့ခဲ့တာပါ။ သင်္ချိုင်းထဲကနေ အရိုးစု ၁၀ စုကို တွေ့ထားပြီး အမျိုးသမီးငယ်အရိုးနှစ်ချောင်း၊ အရွယ်ရောက်ပြီး အမျိုးသားအရိုးတချောင်း၊ ငါးနှစ်အောက်ကလေးအရိုး တချောင်းနဲ့ လသားအရွယ် ကလေးအရိုးတချောင်း ပါတာကို ခွဲခြားထားနိုင်တယ်လို့ အင်စတီကျုက သတင်းထုတ်ပြန်ပါတယ်။ အရိုးစုတွေဟာ တခုနဲ့တခု ရောယှက်နေပြီး တချို့ရဲ့လက်တွေထဲမှာ အိုးတွေနဲ့ ကျောက်တုံးတွေကိုကြည့်ရင် သူတို့ဟာ ရိုးရာဓလေ့အရ ကျင်းပတဲ့ ပွဲတခုခုမှာ ပါဝင်ခဲ့သူတွေ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
4 years Ago
Up