မက္ကဆီကို အဝေးပြေးလမ်းမရှိ တံတားများပေါ်တွင် လူသေအလောင်း ၆ လောင်း တွေ့ရှိ

December 21, 2017

မက္ကဆီကို အဝေးပြေးလမ်းမရှိ တံတားများပေါ်တွင် လူသေအလောင်း ၆ လောင်း တွေ့ရှိ

မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ လာပက်ဇ်မြို့ တံတားပေါ်မှာ တွဲလောင်းကျနေတဲ့ လူသေအလောင်း ၆ လောင်း တွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မက္ကဆီကိုနိုင်ငံ လာပက်ဇ်မြို့မှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက လေဆိပ်သွားရာ အဝေးပြေးလမ်းပေါ်က တံတားပေါ်မှာ တွဲလောင်းကျနေတဲ့ လူသေအလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘာယာကယ်လီဖိုးနီးယားပြည်နယ်က လော့စ်ကာဘို့စ် နိုင်ငံတကာလေဆိပ်သွားရာ အဝေးပြေးလမ်းပေါ်က တံတားတစင်းမှာ တွဲလောင်းကျနေတဲ့ နောက်ထပ် လူသေအလောင်း ၂ လောင်းနဲ့ ကာဘိုဆန်လူကပ်စ်ဆန် ဟိုဆေးဒယ်လ်ကာဘို အဝေးပြေးလမ်းပေါ်က တံတားပေါ်မှာလည်း နောက်ထပ်လူသေအလောင်း ၂ လောင်း တွဲလောင်းကျနေတာကို တွေ့ရတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းတွေ ထကြွသောင်းကျန်းလေ့ရှိတဲ့ မက္ကဆီကိုနိုင်ငံမှာ အင်အားအကြီးဆုံး မူးယစ်ဆေးဝါး ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုကြောင့် လူသတ်မှုနှုန်း မြင့်တက်လာပြီး အကြမ်းဖက်မှုအများဆုံး နှစ်တနှစ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သတင်းမှာ ဖြော်ပထားပါတယ်။
3 years Ago
Up