မက္ကဆီကို အကျဉ်းထောင်တွင် မူးယစ်ဂိုဏ်း ၂ ခု တိုက်ခိုက်မှုဖြစ်၊ ၅၂ ဦး သေဆုံး

A d v e r t i s e m e n t With Us

February 13, 2016

မက္ကဆီကို အကျဉ်းထောင်တွင် မူးယစ်ဂိုဏ်း ၂ ခု တိုက်ခိုက်မှုဖြစ်၊ ၅၂ ဦး သေဆုံး

မက္ကဆီကို နိုင်ငံအရှေ့မြောက်ပိုင်းက မွန်တယ်ရီမြို့ အကျဉ်းထောင်အတွင်း ပြိုင်ဘက် မူးယစ်ရာဇဝတ်ဂိုဏ်း ၂ ဂိုဏ်းကြား တိုက်ခိုက်မှုကြောင့် လူ ၅၂ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။ မက္ကဆီကို ထောင်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်လည်ပတ်ဖို့ စီစဉ်ထားပြီး မလာခင် ရက်ပိုင်း အတွင်း ခုလိုဖြစ်တာပါ။ ဒီအမှုဟာ နိုင်ငံတွင်း လူကြပ်ညပ်နေတဲ့ ထောင်တွေထဲမှာ လတ်တလောနှစ်တွေအတွင်း လူသေအများဆုံးနဲ့ အဆိုးဆုံး အဓိကရုဏ်းတွေထဲက တမှုဖြစ်လာပါတယ်။ မတူခြားနားတဲ့ မူးယစ်ဂိုဏ်းက ထောင်သားတွေကို မကြာခဏ အတူထားမှုရဲ့ နောက်ဆက်တွဲ ပြဿ   နာလည်း ဖြစ်ပါတယ်။ တိုပိုချီကို ထောင်တွင်း ၂ နေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဇီးတပ်စ်ဂိုဏ်းနဲ့ တခြားဂိုဏ်းတို့ကြား ညသန်းခေါင် မတိုင်ခင်မှာ တိုက်ခိုက်ခဲ့ကြတာလို့ နွီဗိုလီယွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဓားစာခံတွေ ဘယ်လိုသေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် သေနတ်နဲ့ပစ်ခတ်မှုတော့ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ ထောင်ပြင်မှာတော့ ထောင်သားတွေရဲ့ မိသားစုတွေ စုရုံးခဲ့ကြပြီး ထောင်တံခါးကို အတင်းဖွင့်ရင်း အထဲက အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို သစ်သားချောင်းတွေ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ မနက် ၁ နာရီခွဲလောက်မှာ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ထောင်ဖောက်မှု တရပ် ဖြစ်ခဲ့တယ်လို့ နွီဗိုလီယွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မက္ကဆီကိုနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။ နောက်အပတ်မှာ သူဟာ ကမ္ဘာ့အကြမ်းဖက်မှု အများဆုံး မြို့ထဲက တမြို့ဖြစ်တဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ စွေဒတ်ဟွာရေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မက္ကဆီကိုရဲ့ တတိယလူအထူဆုံး မွန်တေရီမြို့က ထောင်နား လမ်းတွေပေါ်မှာ ရဲကားတွေ ကင်းလှည့်နေပါတယ်။ ဒီထောင်ဟာ လက်ခံနိုင်တဲ့ ထောင်သား ပမာဏထက် ၂၅ ရာခိုင်နှုန်း ပိုလက်ခံထားတယ်လို့ ၂၀၁၄ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာတွေက ဆိုပါတယ်။
5 years Ago
Up