မက္ကဆီကို မူးယစ်ရာဇာ

January 16, 2016

ထောင်ဖောက်ပြေးသည့် မက္ကဆီကို မူးယစ်ရာဇာ ချဲလ်ဆီးကို ၀ယ်ရန် စိတ်ဝင်စားခဲ့ဟုဆို

အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးဘောလုံးအသင်းကို ၀ယ်ယူဖို့အတွက် ထောင်ဖောက်ပြေးခဲ့တဲ့ မက္ကဆီကို မူးယစ်ရာဇာ ဂျိုအာကွင်း ဂတ်ဇ်မန်းက စိတ်ဝင်စားခဲ့တယ်လို့ စပိန်သတင်းက ရေးပါတယ်။ ၂၀၀၃ ခုနှစ် ရုရှား သူဌေး အဗရာမိုဗစ်ခ်ျက ချဲလ်ဆီးကို ၀ယ်ယူခဲ့စဉ်မှာ မက္ကဆီကိုက အယ်လ်ချာပိုလို့ လူသိများတဲ့ မူးယစ်ရာဇာ ဂျိုအာကွင်း ဂတ်ဇ်မန်းကလည်း စတန်းဖိုဒ့်ဘရစ်ခ်ျကို ၀ယ်ယူရေး စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။ ဂျိုအာကွင်းဟာ မက္ကဆီကို အကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးခဲ့တဲ့ဖြစ်ရပ်ဟာ ကမ္ဘာသတင်း မီဒီယာတွေက အကျယ်တ၀င့်ရေးသားခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သူကို ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ဂျိုအာကွင်းကို အမေရိကန်ကို လွဲပြောင်းပေးဖို့လည်း လုပ်ဆောင်နေတယ်။ ဘောလုံးကိုစွဲလန်းမှုနဲ့ စီးပွားရေးလုပ်ငန်းကို အဖမ်းဆီးမခံရမီ ပူးပေါင်းဖို့ ကြိုးစားချက်တရပ် ဖြစ်တယ်လို့လည်း သတင်းမှာရေးပါတယ်။
6 years Ago
Up