မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၄၀ ကျော် သေဆုံး

September 20, 2017

မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၄၀ ကျော် သေဆုံး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကစီကိုစီးတီးမြို့အနီးမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့တယ်လို့ နယူးယောက်တိုင်း သတင်းအရ သိရပါတယ်။ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်ကျော်လောက်က မြို့တော် မက္ကဆီကိုစီးတီးကနေ မိုင် ၁၀၀ လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဗဟိုချက်နဲ့ အနီးဆုံး မိုရဲလော့စ်ပြည်နယ်မှာ သေဆုံးထိခိုက်မှု အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ဒီ့ထက်ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အိုးအိမ်အဆောက်အဦတွေ အများအပြား ပြိုကျပျက်ဆီးခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
4 years Ago
Up