မက္ကဆီကိုမြေငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိ

September 20, 2017

မက္ကဆီကိုမြေငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိ

မက္ကဆီကိုမြေငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀၀ ကျော်သွားပြီလို့ မက္ကဆီကို အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိ မြေငလျင်ဟာ မြို့တော်မက္ကဆီကိုစီးတီးနဲ့ အနီးဝန်းကျင် ပြည်နယ်တွေဖြစ်တဲ့ ပူဘလာ၊ မက္ကဆီကိုနဲ့ မိုရဲလော့စ်ပြည်နယ်တွေမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တာပါ။ မြေငလျင်ကြောင့် မြို့တော် မက္ကဆီကိုစီးတီးမှာရှိတဲ့ မူလတန်းကျောင်းပြိုကျခဲ့ပြီး အနည်းဆုံး ကလေးငယ် ၂၂ ဦးနဲ့ လူကြီး ၂  ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ကလေးငယ် ၃၀ နဲ့ လူကြီး ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ မိသားစုဝင်တဦးကတော့ "အာဏာပိုင်တွေက ကိုယ့်မိသားစုဝင်တွေ ရှိမရှိ ဆေးရုံသွားကြည့်ကြလို့ပဲ ပြောကြတယ်။ ကျေန်ာတို့ သွားကြည့်ပြီးပြီ။ ကျေန်ာတို့ မိသားစုဝင်သတင်း မသိခဲ့ရဘူး" လို့ ပြောပါတယ်။ မြို့တော် မက္ကဆီကိုစီးတီးမှာ အဆောက်အဦ ၄၄ ခု ပြိုကျခဲ့ပြီး အဲဒီထဲမှာ ကျောင်းတကျောင်းပါဝင်တယ်လို့ ဒေသအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အခုမြေငလျင်ဟာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ ၁၉၈၅ ခုနှစ် မြေငလျင်ရဲ့ ၃၂ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး ၉၈ ဦး သေဆုံးခဲ့ပါသေးတယ်။
4 years Ago
Up