မက္ကဆီကို ရေတပ်ဟာ နိုင်ငံတောင်ပိုင်း ဂွါရယ်ရို ပြည်နယ်ကမ်းလွန်ကနေ ကိုကင်းလို့ ယုံကြည်ရတဲ့ မူးယစ်ဆေး တန်ဝက်နီးပါးကို ဧပြီ ၁၉ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့ကိုကင်းတွေကို အထုပ် ၂၄ ထုပ် ထုပ်လျက်သား ဖမ်မိခဲ့တာပါ။ မက္ကဆီကို ရေတပ်လေယာဉ်တစ်စင်းက ကင်းထောက်နေတုန်း သံသယဖြစ်ဖွယ် သင်္ဘောတစ်စင်းကို မြင်ခဲ့လို့ ရေတပ်က ဖမ်းဆီးခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မက္ကဆီကို၊ အီကွေဒေါနဲ့ ကိုလမ်ဘီယာနိုင်ငံ သား ၅ ဦးကို ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။
3 years Ago