မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းက ကိုလီမာမီးတောင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း အပြင်းအထန် ၂ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အချိန်မှာ မီးတောင်ပြာတွေနဲ့ မီးခိုးတွေ အမြင့်ပေ ၅၀၀၀ လောက်အထိ ရောက်ခဲ့ပါတယ်။
ဒီ ကိုလီမာမီးတောင်ဟာ မက္ကဆီကိုအနောက်ပိုင်း ကိုလီမာပြည်နယ်နဲ့ ဟာလီစကို ပြည်နယ်ကြားမှာ တည်ရှိပြီး လှုပ်ရှားမှုအများဆုံး မီးတောင်တလုံး ဖြစ်ပါတယ်။
အမြင့်မီတာ ၃၈၀၀ ရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အပြင်းအထန် လှုပ်ရှားနေတာပါ။
အခုပေါက်ကွဲမှုဖြစ်ခဲ့တာကတော့ မီးတောင်ထိပ်မှာ ချော်ရေနဲ့ ချော်ခဲတွေ ပိတ်ဆို့လာလို့ ဖြစ်တယ်လို့ မီးတောင်စောင့်ကြည့်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
မက္ကဆီကိုပြည်နယ်မှာ မီးတောင်အလုံးရေ ၃၀၀၀ ကျော်ရှိပေမယ့် အဲဒီထဲက ၁၄ လုံးကပဲ လှုပ်ရှားမှုရှိတယ်လို့ ဆိုပါတယ်။
6 years Ago