မက္ကဆီကိုတွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အဦများ ပြိုကျပျက်စီးသည့်ရုပ်သံ ထွက်ပေါ်

September 22, 2017

မက္ကဆီကိုတွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အဦများ ပြိုကျပျက်စီးသည့်ရုပ်သံ ထွက်ပေါ်

မက္ကဆီကိုနိုင်ငံမှာ လူ ၂၇၃ ဦးထိ သေဆုံးခဲ့ရတဲ့ ရစ်ခ်ျတာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့အပြီး အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့တဲ့ ဗွီဒီယိုဖိုင်တွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။ တွစ်တာမှာတင်တဲ့ ဗွီဒီယိုဖိုင်တခုမှာ အဆောက်အဦတလုံး မီးလောင်ပေါက်ကွဲခဲ့ပြီး လူအများ ထွက်ပြေးနေပုံတွေကို တွေ့ရှိရမှာဖြစ်သလို ဖေ့စ်ဘွတ်ခ်မှာတင်တဲ့ ဗွီဒီယိုဖိုင်တခုမှာ အဆောက်အဦတွေ ပြိုကျပျက်စီးနေတာကြောင့် မက္ကဆီကိုစီးတီး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ ထွက်ပြေးနေတဲ့ပုံတွေကို တွေ့ရှိရမှာပါ။ စက်တင်ဘာ ၁၉ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြို့တော် မက္ကဆီကိုစီးတီး တခုတည်းမှာတင် အဆောက်အဦ ၅၂ လုံးထိ ပြိုကျခဲ့တယ်လို့ မြို့တော်ဝန် မီဂွယ်အိန်ဂျယ်က ပြောကြားပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အဦ အများစုဟာ ၁၉၈၅ ခုနှစ် ငလျင်မလှုပ်ခတ်ခင် အဆောက်အဦ စည်းမျဉ်းစည်းကမ်းတွေ မတင်းကျပ်မီက ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up