မက္ကဆီကိုငလျင် လှုပ်ခတ်ပြီးနောက် အဆောက်အဦအပျက်ကြားမှ လူ ၈၃ ဦးကို ကယ်ဆယ်

September 21, 2017

မက္ကဆီကိုငလျင် လှုပ်ခတ်ပြီးနောက် အဆောက်အဦအပျက်ကြားမှ လူ ၈၃ ဦးကို ကယ်ဆယ်

မက္ကဆီကိုနိုင်ငံမှာ အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အဆောက်အဦ အပြိုအပျက်တွေကြားထဲက လူ ၈၃ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မက္ကဆီကိုအစိုးရက စက်တင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက မြို့တော် မက္ကဆီကိုစီးတီးနဲ့ အနီးဝန်းကျင် ပြည်နယ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် အနည်းဆုံး ၂၂၅ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပြီး လော့စ်အိန်ဂျလိစ်တိုင်းစ်မှာတော့ ၂၄၈ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိကြတဲ့ စေတနာ့ဝန်ထမ်းတွေဟာလည်း မက္ကဆီကိုစီးတီးကို လာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီကြပါတယ်။ စေတနာ့ဝန်ထမ်းတဦးက သူ့အနေနဲ့ မြေငလျင်ကယ်ဆယ်ရေးမှာ ဒုတိယအကြိမ် လာရောက်ကူညီပေးတာ ဖြစ်တယ်၊ ပထမတကြိမ်က မက္ကဆီကိုတောင်ပိုင်း မြေငလျင် ကယ်ဆယ်ရေးမှာ ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up