မက္ကဆီ

September 21, 2018

မက္ကဆီကိုတွင် မုန်တိုင်းဝင်ရောက်မှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်

မက္ကဆီကိုနိုင်ငံ စီနာလိုအာပြည်နယ်မှာ စက်တင်ဘာလ ၂ဝ ရက်နေ့က ပြင်းထန်တဲ့ မုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ကိုလီယာကန်မြို့မှာ ရေကြီးတာကြောင့် ရေစီးအတွင်း ကားတွေ သောင်တင် နေတာကိုလည်း မြင်တွေ့ရပါတယ်။ ရေကြီးမှုကြောင့် ပျက်စီးမှု အမျိုးမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ မက္ကဆီကို အနောက်မြောက်ပိုင်း မြို့မှာ မြစ်ရေလျှံနေလို့  လမ်းတွေ ရေကြီးနေပါတယ်။ ဒါ့အပြင်  မုန်တိုင်းတွေ ထပ်မံဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ဒေသခံအများအပြားကို ရေဘေးရှောင်စခန်းတွေဆီ ပို့ဆောင်ခဲ့တယ်လို့ ဒေသမီဒီယာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

July 1, 2018

မက္ကဆီကို ရွေးကောက်ပွဲအတွက် မဲစာရွက်သန်းချီ မဲရုံများသို့ ရောက်ရှိ

မက္ကဆီကိုနိုင်ငံမှာ ဇူလိုင် ၁ ရက်ကျင်းပမယ့် မက္ကဆီကိုအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရွက်သန်းချီကို နိုင်ငံအနှံ့က မဲရုံတွေထံ ရောက်ရှိနေပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေလည်း ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတနဲ့လွှတ်တော်နေရာအတွက် သမ္မတလောင်းနဲ့ လွှတ်တော်အမတ်လောင်း ၁၈,ဝဝဝ ကျော်ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မက္ကဆီကိုဖွဲ့စည်းပုံအရ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတ အမ်းရစ်ပန်တာနီတိုဟာ ဒုတိယတကြိမ် တာဝန်ထမ်းဆောင်ခွင့် မရှိတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ ဒါ့ပြင် လွှတ်တော် ၂ ရပ်အတွက်လည်း အမတ်ဟောင်းတွေ နောက်တကြိမ် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် မရှိပါဘူး။ ရွေးကောက်ပွဲ အာဏာပိုင်တွေကတော့ မဲပေးခွင့်ရှိသူ နိုင်ငံသား သန်း ၈ဝ ကို ပါဝင်မဲထည့်ကြဖို့ တိုက်တွန်းထားပါတယ်။ အခုတကြိမ်ရွေးကောက်ပွဲမှာ မက္ကဆီကိုနိုင်ငံမှာ အကြီးဆုံး ရွေးကောက်ပွဲဖြစ်ပေမယ့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့်လူတွေ အသတ်ခံရမှု အများဆုံး လည်းဖြစ်ပါတယ်။ ၂ဝ၁၈ ရွေးကောက်ပွဲရာသီမှာ သေဆုံးခဲ့သူ နိုင်ငံရေးသမား ၁၁၃ ဦးအထိရှိတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
3 years Ago
Up