.မကွေး

February 7, 2021

စစ်အာဏာရှင်ကျဆုံးရေး မကွေးမြို့တွင် လူဦးရေ ၃ သောင်းကျော် ဆန္ဒပြ

မကွေးမြို့မှာ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က စစ်အာဏာရှင် ကျဆုံးရေး လမ်းလျှောက်ဆန္ဒဖောက်ထုတ်ခဲ့ကြပါတယ်။

မကွေးတိုင်း လ.ဝကဝ န်ကြီးဟောင်း ဦးနေမျိုးကျော် ဦးဆောင်တဲ့အဖွဲ့ဟာ မွန်လွဲ ၂ နာရီ ကျော်လောက်က လူအင်အား ၃၀ လောက်နဲ့ အထက ၁ လမ်း ကံသာကန်ဘောင်ရှေ့ကနေ စတင်ထွက်ခွာခဲ့ပြီး လူအင်အား ၃၀၀၀၀ ကျော်လောက်ထိ ပူးပေါင်လာတာဖြစ်ပါတယ်။

သစ္စာလမ်း၊ ပြည်တော်သာလမ်း၊ မဲထီးလမ်းနဲ့ မြို့ပတ်လမ်းအတိုင်းပတ်ပြီး အထက ၁ လမ်း ကန်သာကန်ဘောင်အထိ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပြီး ညနေ ၄ နာရီခွဲလောက်မှာ လူစုခွဲခဲ့ကြပါတယ်။

စစ်အာဏာရှင် ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နောက်ရက်တွေမှာလည်း မနက် ၈ နာရီတိုင်းကို ကန်သာကန်ဘောင်ဘေးမှာ စုရုံးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြဖို့ သဘောတူကြွေးကြော်ခဲ့ပါတယ်။

စည်းကမ်းရှိရမယ်၊ ညီညွတ်ရမယ်၊ အကြမ်းမဖက်တဲ့နည်းကိုပဲ အသုံးပြုမယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်လုံးက ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာဖို့လည်း ဆန္ဒပြ ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တွေက မဲထီးလမ်း၊ အထက ၁ လမ်း ကန်သာကန်ဘောင်မှာ အတားဆီးရှိခဲ့ပေမယ့် ဖမ်းဆီးထိန်းသိမ်းတာမျိုးမရှိဘဲ ဖြေလျှောပေးခဲ့တာကြောင့် ဆန္ဒပြပြည်သူတွေက ပြည်သူ့ရဲဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လက်ခုတ် သြဘာပေးခဲ့ကြပါတယ်။

မင်းထီး

10 months Ago
Up