မကွေးဝန်ကြီးချုပ်

August 1, 2020

တရားမဝင် ရေနံတူးသူများနှင့်ချက်ဖိုများကို ဖမ်းဆီးအရေးယူရန်မလွယ်ဟု မကွေးဝန်ကြီးချုပ်ပြော

မကွေးတိုင်း တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူဖို့ မလွယ်ကူးဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “တရားမဝင် ရေနံတွင်းတူးသူတွေနဲ့ ချက်ဖိုတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ယခင်အစိုးရလက်ထက်က ရဲတပ်ရင်း ၂ ရင်းနဲ့ သွားရောက်ဖမ်းဆီးတာ ရန်ပြုခံရလို့ ပြန်လည်ဆုတ်ပေးခဲ့ရတဲ့အတွက် ဖမ်းဆီးဖို့ မလွယ်ကူဘူး။” ဒါ့အပြင် တရားမဝင် ရေနံလုပ်ကွက်တွေကနေ အခွန်ကောက်ခံတာမရှိဘဲ တရားဝင်ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်းတိမ်တွေသာ နိုင်ငံတော် အခွန်နဲ့ တိုင်းဒေသကြီး ရန်ပုံငွေ ကောက်ခံတာလို့ အစိုးရ စတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ပြည်ထောင်စုက တရားဝင်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေကနေ ထွက်ရှိတဲ့ရေနံစိမ်းတွေကို သယ်ယူခွင့် မျောစာ အပေါ်ကနေ ကောက်ခံတာ။” ရေနံလက်ယက်တွင်းတိမ် တူးဖော်ခွင့်ကို ပေ ၃၀၀၀ ထိ ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ခဲ့ပေမဲ့ ပေ ၁၀၀၀ ထိသာ တူးဖော်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း EITI သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဦးဆောင်သူ ကိုအိုလာက တရားဝင် ခွင့်ပြုထားတဲ့ ရေနံလက်ယက်တွင်း တိမ်လုပ်ကွက်တွေထဲမှာ ရေနံထွက်ရှိမှု မရှိသလောက်ဖြစ်ပြီး ယာတွေ၊ တောတောင်တွေထဲမှာ နားလည်မှုနဲ့ တူးဖော်ကြတာလို့ ပြောပါတယ်။ “တရားဝင်လုပ်ကွက်က ရရှိတဲ့ သယ်ယူခွင့်မျောစာတွေကို အသုံးချပြီးတော့ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို သယ်ယူတာဖြစ်တယ်။” ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေနဲ့ ရေနံလုပ်သားတွေက ရရှိလာတဲ့ ရန်ပုံငွေကနေ ရေနံထွက်ရှိတဲ့ဒေသတွေမှာ အရေးပေါ် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ဖြည့်စည်းပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တရားဝင် ရေနံလုပ်ကွက် ၃၃ ကွက်ရှိပြီး သက်တမ်းတိုးလုပ်ကွက် ၁၂ ကွက်ကနေ တိုင်ဒေသကြီးရန်ပုံငွေ ကျပ် ၂၆ ဘီလီယံကျော် ကောက်ခံရရှိထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ မင်းထီး
11 months Ago

July 19, 2020

ပိုင်ဆိုင်မှု အမြင့်ဆုံး ၁၅ သိန်းတန် i Pad  ၁ လုံးသာရှိဟု မကွေးဝန်ကြီးချုပ် ပြော

ပိုင်ဆိုင်မှု အမြင့်ဆုံးအနေနဲ့ ၁၅ သိန်းတန် အိုင်ပက် ၁ လုံးသာ ရှိတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက  ပြောကြားလိုက်ပါတယ်။  “မကွေးတိုင်းဝန်းကြီးချုပ်ဟာ ဝန်ကြီးချုပ်ဖြစ်စတုန်းက ဘာပိုင်ဆိုင်မှုမှမရှိဘဲ ငွေ ၁ သောင်းပဲ ရှိတယ်ပြောဖူးတယ်၊... အခု ဒေါက်တာအောင်မိုးညို ပိုင်ဆိုင်မှုက သိန်း ၁၃၅၀ ရှိပါတယ်။….. သူ့ရဲ့ပိုင်ဆိုင်မှုကို ပြနိုင်မှ မဲပေးပါဆို”ပြီး အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ရေးသားတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလိုက်တာပါ။ အဲဒီ အိုင်ပက်ကိုလည်း အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်းဆီကနေ အရစ်ကျပေးပြီး ဝယ်ယူထားတာလို့ ပြောပါတယ်။ "ကျနော့်မှာ တပြားမှမရှိဘူး၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ တိုက်တာ၊ ခြံမြေ ဘာမှမရှိဘူး ကျနော်ပိုင်တာ။ ကျနော်ပိုင်တဲ့ပစ္စည်းတွေထဲက တန်ဖိုးအကြီးဆုံးပစ္စည်းဆိုရင် ကျနော်အခုသုံးနေတဲ့  i Pad 11 ပဲ၊ ၁၅ သိန်းလားမသိဘူး ပေးရတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကဝယ်တာ။ အမေရိကန်က ပြန်လာတဲ့ သူငယ်ချင်း မိတ်ဆွေတယောက်ဆီက ဝယ်တာ။ အဲဒါတောင်မှ အရစ်ကျပေးဝယ်တာ” ဒေါက်တာအောင်မိုးညိုဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
11 months Ago
Up