မကွေးလေတပ်စခန်း

May 2, 2021

မကွေးလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရမှု သပြေစမ်းရွာသားများကို ဖမ်းဆီးစစ်ဆေး

မကွေးလေတပ်စခန်းဌာနချုပ် ​ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ သပြေစမ်း ကျေးရွာက ပြည်သူ ၈ ယောက် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

သပြေစမ်းရွာ အုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် သပြေစမ်းတောင်ရွာက ၃ ယောက်နဲ့ မြောက်ဘက်ရွာက ၁ ယောက်ကို မေ ၁ ရက်မှာ ဖမ်းဆီးခဲ့ပြီးတော့ ဧပြီ ၃၀ ရက်ကလည်း ၄ ယောက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်ကို ဧပြီလ ၂၉ ရက်က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

5 days Ago

October 7, 2020

မကွေးလေတပ်စခန်းက တပ်မတော် တိုက်လေယာဉ် ၁ စီးပြေးလမ်းချော် 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တောင်တွင်းလမ်း လေတပ်စခန်းဝင်း ခြံစည်းရိုးအစပ်မှာ MIG 29  တိုက်လေယာဉ်တစ်စီး  ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။ အောက်တိုဘာ ၆ ရက်က နေ့လည်ပိုင်းက လေယာဉ်ပြန်ဆင်းတဲ့အချိန်မှာ လေထီးမပွင့်တဲ့အတွက် အရှိန်လွန်ပြီး ပြေးလမ်းချော်သွားတာဖြစ်တယ်လို့  မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။  " လေယာဉ် ပြန်ဆင်းတဲ့အချိန်မှာနောက်က လေထီးမပွင့်တဲ့အတွက် အရှိန်မထိမ်းနိုင်ဘဲ ပြေးလမ်းကို ချော်ပြီးတော့ မီးရထားလမ်းဘက်ကို ရောက်သွားတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလေယာဉ်ဟာ MIG 29 အမျိုးစားဖြစ်ပြီး လေယာဉ်အမှတ် ၂၇၂၀ လေ့ကျင့်ရေး တိုက်လေယာဉ်ဖြစ်ကာ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦးက မောင်းနှင်လာတာဖြစ်ပါတယ်။ တိုက်လေယာဉ်မှူးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပဲ အဆိုပါလေယာဉ်ကိုတော့ ဆွဲယူသွားပြီး မကွေး လေတပ်စခန်း ဌာနချုပ်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မင်းဘူးစကုမြို့နယ်ထဲမှာ တိုက်လေယာဉ် ၂ စီးပျက်ကျပြီး  မြေပြင်ပေါ်က ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ သတင်း-မင်းထီး
7 months Ago
Up