မကွေးမြို့

June 9, 2021

မကွေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးကွဲ

မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်က အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ ဇွန်လ ၈ ရက်နေ့ညက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက်မှာ ယာယီအုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံးပြုနေတဲ့ စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးအိမ်ကို ည ၈ နာရီကျော်လောက်က လက်လုပ်ဗုံး ၂ လုံး ပစ်သွင်းခံရတာဖြစ်ပြီးတော့ အသေးစားဗုံးဖြစ်တာကြောင့် ပေါက်ကွဲမှုမပြင်းထန်သလို ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီလက်လုပ်ဗုံးနဲ့ပစ်ခတ်တဲ့သူတွေဟာ လွတ်မြောက်သွားပါတယ်။  ဒလန်အုပ်ချုပ်ရေးမှူး ဇော်ထွန်းလင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့လကလည်း ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးဇော်ထွန်းလင်းဟာ ရပ်ကွက်နေပြည်သူတွေဆီက ငွေကြေး တောင်းခံတာတွေ ပြုလုပ်သလို အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ရပ်ကွက်နေ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေသူဖြစ်တယ်လို့  ဒေသခံတွေကပြောပါတယ်။

2 weeks Ago

June 7, 2021

မကွေးမြို့ ၌ တက္ကသိုလ်ကျောင်းသား ၆ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ  ဇွန်လ ၆ ရက် ညက တက္ကသိုလ်ကျောင်းသား လူငယ် ၆ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက  ရိုက်နှက် ဖမ်းဆီးသွားပါတယ်။

အ.ထ.က(၂) ကျောင်းရှေ့မှာ ည ၉ နာရီခွဲလောက်က  လူငယ် ၆ ယောက်ကို ဒူးထောက်ခိုင်းပြီးတော့ ရိုက်နှက်နှိပ်စက်ကာ ရဲကားနဲ့ လာခေါ်သွားတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဖမ်းခံရသူတွေကတော့ ကိုကျော်ဇေယျအောင်၊ ကိုရဲဖုန်းအံ့၊ ကိုလင်းထက်အောင်၊ ကိုဝတီမင်းမြတ်၊ ကိုအောင်ခိုင်မင်းနဲ့ ကိုအောင်ဖြိုးဝေတို့ဖြစ်ကြပြီး လူငယ် ၆ ယောက်စလုံးဟာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်။

2 weeks Ago
More News
Up