မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမျ

February 11, 2021

မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများနှင့် ဦးစီးမှူးများကို ခေါ်ယူထိန်းသိမ်း

မကွေးတိုင်းအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေနဲ့ ဦးစီးမှူးတွေတို့ ခေါ်ယူ ထိန်းသိမ်းထားတယ်လို့ ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

“ခလရ ၁၃ ဧည့်ရိပ်သာမှာ အခု ဘာမှတော့ မေးမြန်းတာ မရှိသေးဘူး။ ဒါတို့ ချောက်တင် မဟုတ်ဘူး။ တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံးလို့ ကြားတယ်။ မကွေးခရိုင်ရော တိုင်းအဖွဲ့ရော အကုန်လုံးလို့ ကြားတယ်။ ဖမ်းဆီးတာ မဟုတ်ဘူး ခေါ်မေးရုံပါ။”

မကွေးတိုင်း၊ ခရိုင် မြို့နယ် ၂၆ မြို့နယ်လုံးက ‌ရွေးကောက်ပွဲကော်မရှင်က လူကြီးတွေအားလုံးကိုလည်း သက်ဆိုက်ရာမြို့နယ်အလိုက် တပ်တွေမှာ ခေါ်ထားတာသိရတယ်လို့ ပြောပါတယ်။

ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ကော်မရှင်ဥက္ကဋ္ဌ နဲ့ ဦးစီးမှူးကို  ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်မှာ စစ်တပ်က ခေါ်ယူထိန်းသိမ်းထားတာဖြစ်ပါတယ်။

ကိုလင်း (ချောက်)

2 years Ago
Up