မကွေးတိုင်းလွှတ်တော်ရုံး

February 25, 2021

မကွေးတိုင်းလွှတ်တော်ရုံး ဝန်ထမ်း ၃၀ တာဝန်မှ ယာယီရပ်ဆိုင်းခံရ

မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဝန်ထမ်းအယောက် ၃၀ ကို ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ တာဝန်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကာယကံရှင်တွေ လက်ထဲကို အဲဒီစာတွေ ရောက်လာတယ်လို့ ကိုယ်စလှယ်တစ်ဦးဆီက သိရပါတယ်။

တာဝန်ယာယီ ရပ်ဆိုင်းခံခဲ့ရတဲ့အထဲမှာ ဒုဦးစီးမှူးအဆင့် ၄ ဦး၊ အကြီးတန်းစာရေးအဆင့် ၆ ဦး၊ အငယ်တမ်းစာရေးအဆင့် ၁၅ ဦး၊ ယာဉ်မောင်း ၃ ဦး၊ သန့်ရှင်းရေး ၁ ဦး၊ ဥယျာဉ်လုပ်သား ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

တာဝန်ယာယီရပ်ဆိုင်းခံရသူတွေဟာ ဖဲကြိုးနီလှုပ်ရှားမှု၊ CDM လှုပ်ရှားမှုတို့ကို လူမှုကွန်ရက်မှာ တင်ခဲ့သလို အကြောင်းမဲ့ အလုပ်မလာကြောင်း အကြောင်းပြချက်နဲ့ စာအမှတ် ၁၇/၂၀၂၁နဲ့ ၁၈/၂၀၂၁ မှာ ထုတ်ပြန်ထားပါတယ်။

မင်းထီး

9 months Ago
Up