မကွေးတိုင်းပြည်သူ့ဆေးရုံ

May 6, 2020

မကွေးတိုင်းပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၅ ဦးကို Facility Quarantine ထားရှိ 

စောင့်ကြည့်လူနာနဲ့ ထိတွေ့ခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံက ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးကို Facility Quarantine ပြုလုပ်ပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးထံကနေ သိရပါတယ်။ စောင့်ကြည့်လူနာဖြစ်တဲ့ ဆေးရုံက သူနာပြုဆရာမတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ခွဲစိတ်ခန်းမှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို  မေလ ၃ ရက်မှ  ၅ ရက်နေ့အထိ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "ဆေးရုံက သူနာပြုဆရာမတစ်ဦး မီးယပ်ရောဂါဖြစ်ပြီး ကိုယ်ပူချိန်မြင့်တက်တဲ့အတွက်  စောင်ကြည့်လူနာ အဖြစ်သတ်မှတ်ကာ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ လူနာနဲ့ ထိစပ်ခဲ့တဲ ဆေးရုံဝန်ထမ်း ၁၅ ဦးကို ချမ်းမြေ့သာယာ အိမ်ရာမှာ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။  လူနာရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေက COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့မေလ ၄ ရက်နေမှာ အဖြေထွက်တဲ့အတွက် Quarantine ပြုလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၅ ရက်နေ့ နေ့လည်ပိုင်းက ပြန်ခေါ်လိုက်ပြီလို့လည်းပြောပါတယ်။ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအနေနဲ့  COVID-19 စောင့်ကြည့်လူနာတွေကို သီးခြားကုသဆောင်မှာ ဂရုစိုက်ကုသပေးနေတာဖြစ်ပြီး ဆေးရုံမှာ PPE ဝတ်စုံ အထိုက်အလျောက်ရှိပေမယ့် N-95 Mask လိုအပ်ချက်တွေရှိနေတယ်လို့ ဆေးရုံအုပ်ကြီးထံက သိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up