မကွေးတက္ကသိုလ်ကျောင်းသား

June 16, 2021

မကွေးတက္ကသိုလ်ကျောင်းသား ၁ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချ

မကွေးတက္ကသိုလ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန်ကို ဇွန်လ ၁၆ ရက်က မကွေးဗဟိုအကျဉ်းထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ကိုနောင်သူရိန်ကို မကွေးအကျဉ်းထောင်တွင်း တရားခွင်မှာ  ပုဒ်မ ၅၀၅- က(ဂ) နဲ့ တစ်ဦးတည်း သီးသန့်စွဲဆိုထားတဲ့အမှုအတွက်  အကြမ်းဖက်စစ်ကောင်စီ တရားရုံးကနေ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ် စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ 

မကွေးမြို့က ကိုဇော်မင်းထက်ပါ ၂၆ ဦးရဲ့အမှုတွဲထဲမှာလည်း ကိုနောင်သူရိန်ကို ပုဒ်မ ၅၀၅ - က(ဂ) နဲ့ ထပ်မံတရားစွဲဆိုခံထားရပြီး  အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

မကွေးတက္ကသိုလ်၊ ဓာတုဗေဒအထူးပြု၊ စတုထ္ထနှစ်ကျောင်းသား ကိုနိုင်လင်းထွန်း (ခ) နောင်သူရိန် ကို မကွေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်က  အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးသွားတာပါ။

မကွေးအကျဉ်းထောင်မှာ  တက္ကသိုလ်ကျောင်းသားတွေအပါအဝင်  ဒေသခံပြည်သူ ရာနဲ့ချီပြီး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားကာ ထောင်တွင်းတရားရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပါတယ်။

7 months Ago
Up