မကွေးဆန္ဒပြ

February 13, 2021

ဖမ်းဆီးထားသည့် မကွေးဆန္ဒပြပွဲ ဦးဆောင်သူ ဦးနေမျိုးကျော်ကို ပြန်လွှတ်ပေးရန်တောင်းဆို

ဖမ်းဆီးထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မကွေးမြို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးနေမျိုးကျော်ကို ပြန်လွှတ်ပေးဖို့ ပြည်သူတွေက မြို့မရဲစခန်းရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ဆန္ဒပြပွဲ ဦဆောင်သူတွေနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ညှိနှိုင်းရာမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဘက်ကတော့ ဦးနေမျိုးကျော်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ္မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မကွေးမြို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့  ဦးနေမျိုးကျော်က ဖေဖော်ဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က အဖမ်းခံရတယ်လို့ သိရပါတယ်။

မင်းထီး

2 years Ago
Up