မကွေ

A d v e r t i s e m e n t With Us

October 31, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်တိုး၊ စုစုပေါင်း ၆၆၇ ဦးရှိလာ

မကွေးတိုင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့ ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်းအတွင်း တောင်တွင်းကြီးမှာ ၅ ဦး၊ နတ်မောက် ၂ ဦး၊ ပေါက် ၂ ဦး၊ စလင်း ၂ ဦး၊ အောင်လံက ၂ ဦး၊ မကွေးနဲ့ ပခုက္ကူမြို့တို့က ၁ ဦးစီတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ပိုးတွေ့လူနာတွေအနက် မကွေး ၁ ဦး၊ စလင်း ၁ ဦးနဲ့ အောင်လံက ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသောကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ကပြန်လာပြီး Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။ အောင်လံမြို့က အတည်ပြုလူနာ နောက် ၁ ဦးကတော့ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်လို့ စစ်ဆေးရာက ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၆၆၇ ဦးရှိပြီး တိုင်းအတွင်း ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေတဲ့ လက်ရှိလူနာစုစုပေါင်း ၃၀၀၊ ဆေးရုံဆင်းခွင့်ရသူ ၃၆၇ ဦးရှိပြီး သေဆုံးလူနာတော့ မရှိသေးဘူးလို့ဆိုပါတယ်။ ကျန်းမာရေးကောင်းမွန်လို့ လူနာ ၃ ဦး ဆေးရုံက ဒီနေ့ ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ မကွေးတိုင်းမှာ ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေမှာ ပိုးတွေ့မှု ထပ်တိုးလာတာကြောင့် တိုင်းအတွင်းက ပြည်သူတွေ အထူးဂရုပြုဆင်ခြင်ကြဖို့လည်း မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
4 months Ago

October 29, 2020

မကွေးတိုင်းတွင် ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အမှုပေါင်း ၄၈ မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီးမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလအတွင်း ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၄၈ မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က" ၂၀၂၀ ရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ အနိုင်ရချင်တဲ့ စိတ်တွေကြောင့် ပါတီအချင်းချင်းပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပြီးတော့ ပါတီဝန်းရံတဲ့သူတွေ အင်အားပြ လှည့်လည်တာတွေရှိတယ်” လို့ ပြောပါတယ်။ ကိုဗစ်ကာလ ဖြစ်တာကြောင့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာတွေသိပ်မလုပ်ကြပေမယ့် ပါတီဝန်ရံသူတွေက အင်အားပြလှည့်လည်တာတွေရှိနေလို့ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာတွေမတက်ရအောင် လမ်းကြောင်းတွေလွှဲပေးပြီးတော့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်နဲ့ နယ်မြေအလိုက် လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ မကွေးတိုင်းမှာ ရွေးကောက်ပွဲ အကြိုကာလ  ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ အမှုပေါင်း ၄၈ မှုဖြစ်ပွားခဲ့ရာမှာ  ၁၇ မှုကတော့ ပေါင်းစပ် ညှိနှိုင်းလို့ အဆင်ပြေခဲ့ကာ မကွေးခရိုင်၊ ပခုက္ကူခရိုင်နဲ့ မင်းဘူးခရိုင်တွေမှာ အဖြစ်များတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ အမှုတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှု ၁၇ မှု၊ မဲဆွယ်လှည်လည်စဉ် ယာဉ်တိုက်မှု ၂ မှု၊ နှောင့်ယှက်ဟန့်တားမှု ၂ မှု၊ နေအိမ်ဝင်ရောက်ဖျက်ဆီးမှု ၂ မှု ၊ ဆက်သွယ်ရေးဥပဒေ ၂ မှု  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေအရ ၁ မှု ၊ ပါတီသိက္ခာ ထိခိုက်အောင် မမှန်သတင်းလွှင့်မှု ၁ မှု၊ ပါတီဆိုင်းဘုတ်ဖျက်ဆီးမှု ၂ မှုနဲ့   မဲဆွယ်စည်းရုံရေး ဟန့်တားမှု ၂ မှု ပါဝင်ပါတယ်။ မကွေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ အမှုအခင်းတွေ လျော့နည်းအောင် ကြိုတင်ကာကွယ် ဖမ်းဆီးတာတွေ၊ လမ်းဆုံလမ်းခွတွေမှာ တာဝန်ချထားတာတွေ၊ မော်တော်ယာဉ်တွေနဲ့ ပြလှည့်လည်တာတွေပြုလုပ်နေပြီး ညပိုင်းမှာလည်း တရားဥပဒေစိုးမိုးရေး အတွက် ပိတ်ဆိုရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ သတင်း-မင်းထီး
4 months Ago
More News
Up