မကျင်းပ

December 4, 2020

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မန်းရွှေစက်တော်ဘုရားပွဲ မကျင်းပနိုင်

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကျင်းပနိုင်တော့မှာမဟုတ်ဘဲ ခြေတော်ရာဖွင့်ပွဲကိုတော့ အကျဉ်းချုံး  ပြုလုပ်သွားမယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။  မန်းရွှေစက်တော်ဘုရား ဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုးက " ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မန်းရွေစက်တော် ဘုရားပွဲတော်ကို ပြီးခဲ့တဲ့နှစ်ကလည်း ပွဲတော်ကာလတစ်ဝက်နဲ့ ရပ်နားလိုက်ရပြီးတော့ အခုနှစ်မှာလည်း ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဝါဒဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်” လို့  ပြောပါတယ်။ ဘုရားပွဲတော်မကျင်းပဖြစ်ပေမဲ့ ခြေတော်ရာဖန်အုပ်ဆောင်း ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေကို အကျဉ်းချုံး ပြုလုပ်မှာဖြစ်ပြီးတော့ ဘုရားဖူးမြော်ခွင့်ကိုတော့ အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်ရရှိမှသာ ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်နှစ်တစ်ကြိမ် လဲလှယ်နေကျ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် နေရာတွေကိုလည်း မူလနေရာတွေအတိုင်းထားရှိမယ်လို့ သိရပါတယ်။  မန်းရွှေစက်တော်ဘုရားပွဲကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာ နှစ်ဆန်း(၁)ရက်အထိ ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူး ခရီးသွားတွေ လာရောက်ကြပြီး စည်ကားသိုက်မြိုက်တဲ့ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မင်းထီး
5 months Ago

April 27, 2020

အီတလီလိဂ်ပြိုင်ပွဲ ပြန်လည်မကျင်းပတာ ပိုကောင်းဟု နည်းပြ မန်စီနီသုံးသပ်

စီးရီးအေပြိုင်ပွဲကို ပြန်လည်မကျင်းပတာက ပိုကောင်းမယ်လို့ အီတလီနည်းပြမန်စီနီက ပြောပါတယ်။ အီတလီစီးရီးအေပြိုင်ပွဲကို  လာမယ့်ဇွန်လမှာပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ထားပေမဲ့ လက်ရှိ အချိန်အထိ လေ့ကျင့်ခန်း မဆင်းနိုင်သေးတာကြောင့် ပြန်လည်ကျင်းပဖို့ ဝေဝါးနေဆဲဖြစ်ပါတယ်။  အီတလီလက်ရွေးစင်နည်းပြဖြစ်သူ မန်စီနီကတော့ စီးရီးအေပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းမပြုတာက လက်ရွေးစင်အသင်းအတွက် ပိုမိုကောင်း မွန်တယ်လို့ တိုက်တွန်းသွားခဲ့တာပါ။  အီတလီလက်ရွေးစင်အသင်းဟာ လာမယ့်စက်တင်ဘာလအတွင်းမှာ နေးရှင်းလိဂ်ပွဲစဉ်တွေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ စတင်ကစားဖို့ရှိပြီး လိဂ်ပြိုင်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပလိုက်မယ်ဆိုရင် လက်ရွေးစင်ကစားသမားတွေ ဒဏ်ရာပြဿနာရှိမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။  စီးရီးအေပွဲစဉ်ကိုပြန်လည်စတင်မယ်ဆိုရင်လည်း အမြန်ဆုံးစတင်နိုင်ဖို့လိုပြီး နောက်ကျသွားမယ်ဆိုရင်တော့ အီတလီလက်ရွေးစင်အသင်းအတွက် ထိခိုက်မှာကို နည်းပြမန်စီနီက စိုးရိမ်နေတာပါ။
1 year Ago
Up