မက်ဒေါ်နယ်ဆိုင်

March 23, 2020

ဗြိတိန်နှင့် အိုင်ယာလန်ရှိ မက်ဒေါ်နယ်ဆိုင်အားလုံး ယာယီပိတ်

ဗြိတိန်နဲ့ အိုင်ယာလန်မှာရှိတဲ့ မက်ဒေါနယ်ကုမ္ပဏီရဲ့ စားသောက်ဆိုင်အားလုံးကို ယာယီပိတ်ထားလိုက်တော့မယ်လို့ မက်ဒေါ်နယ်က ကြေညာလိုက်ပါတယ်။ မတ် ၂၃ ရက်နေ့ ည ၇ နာရီ နောက်ဆုံးထားပြီး ယူကေနဲ့ အိုင်ယာလန်က ဆိုင်အားလုံးကို ပိတ်ထားမယ်လို့ မက်ဒေါ်နယ်က သူတို့ရဲ့တွစ်တာလူမှုကွန်ရက်ပေါ်မှာ ကြေညာထားတာပါ။ အခုဆိုရင် နိုင်ငံတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့်  စားသောက်ဆိုင်တွေ တော်တော်များများ ပိတ်ထားရပြီး၊ အိမ်တိုင်ရာရောက် ပို့ပေးတာနဲ့ အိမ်အတွက် အိတ်ဆွဲရောင်းပေးတာမျိုးတွေပဲ လုပ်လာနေကြပါတယ်။ မက်ဒေါ်နယ်ဟာ တရုတ်ပြည်မှာတော့ သူတို့ပိုင် စားသောက်ဆိုင်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ပြန်ဖွင့်နေပြီလို့ စီအီးအို ခရစ်ကမ်ဇင်စကီးက မတ်  ၂၀ ရက်နေ့က ထုတ်ပြောထားပါတယ်။
2 years Ago
Up