မက်ဒယ်လင်းမြို့

March 30, 2020

အိမ်တွင်းနေရန် ကိုလံဘီယာရဲ အသုဘယာဉ်ဖြင့် လှည့်လည်သတိပေး

ကိုလံဘီယာရဲတပ်ဖွဲ့ဟာ ပြည်သူတွေကို အိမ်တွင်းအောင်းနေထိုင်တာ သေချာစေဖို့ မြို့ထဲ အသုဘယာဉ်တစီးနဲ့ လှည်မောင်းပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။ လူတွေအတွက် သီချင်းဆိုပြတာ၊ မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွေမှာ အသံချဲ့စက်တပ်ပြီး လူတွေကို အိမ်ထဲမှာပဲနေဖို့ လှည့်လည်သတိပေးတာ စတဲ့ ဖန်တီးတီထွင်ထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတယ်လို့ မတ်လ ၃၀ ရက်နေ့ ရိုက်တာ သတင်းတရပ်မှာ ဖော်ပြပါတယ်။ မက်ဒယ်လင်းမြို့မှာလည်း ရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ထားတဲ့ ကာလအတွင်း ပြည်သူတွေ နေအိမ်ထဲက မထွက်အောင် သတိပေးတဲ့အနေနဲ့ အသုဘယာဉ်တစီးမှာ အခေါင်းတခုနဲ့ ပန်းခွေတွေ ချိတ်ဆွဲပြီး မြို့လမ်းတွေပေါ် လှည့်လည်မောင်းနှင်ပြီး ကြေညာပေးတယ်လို့ ဆိုပါတယ်။  ဒီနောက် နေ့လယ်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ လူတွေကိုဖျော်ဖြေတဲ့အနေနဲ့ သီချင်းတွေ ဆိုပြ ထုတ်လွှင့်ပြတယ်လို့ ပြောပါတယ်။  မြောက်ပိုင်းမြို့တခုဖြစ်တဲ့ ဘာရန်ကွီလာမှာလည်း ရဲတပ်ဖွဲ့ဟာ ဒရုန်းတွေမှာ အသံချဲ့စက် တပ်ပြီး လူထုကို အိမ်ထဲနေကြ ဖို့ တိုက်တွန်းကြော်ငြာတာတွေ လုပ်ခဲ့ပါတယ်။  ကိုလံဘီယာဟာ မတ် ၂၅ ကစလို့  တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ မှု လော့ခ်ဒေါင်းကို ဧပြီ ၁၃ ရက်အထိ သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။  မတ် ၃၀ ရက်အထိ ကိုလံဘီယာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၂ ဦးနဲ့ သေဆုံးသူ ၁၀ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၀ ဦး ရှိပြီလို့ သိရပါတယ်။
2 years Ago
Up