မက်ဆီ လက်သစ်

March 26, 2020

ဖရန်ဆစ္စကိုထရင်ကာအို မက်ဆီလက်သစ် ဖြစ်လာမည်ဟု သုံးသပ်

ပေါ်တူဂီကလပ် ဘရာဂါအသင်းကနေ ခေါ်ယူထားတဲ့ လူငယ်တိုက်စစ်မှူးလေး ဖရန်ဆစ္စကို ထရင်ကာအိုဟာ လီယွန်နယ်မက်ဆီ နံပါတ် ၂ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။  အသက် ၂၀ အရွယ်သာရှိသေးတဲ့ ထရင်ကာအိုကို ပေါင် ၂၆ ဒသမ ၁ သန်းနဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ကစားသမားလေးကတော့ လာမယ့်နွေရာသီ‌အပြောင်းအရွှေ့မှသာ အသင်းဆီ တရားဝင် ရောက်ရှိမှာ ဖြစ်ပါတယ်။  ထရင်ကာအိုဟာ အထောင်တိုက်စစ်မှူးနေရာအပြင် တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး မက်ဆီလိုပဲ ဘောလုံးဆွဲပြေးတာအပြင် ကန်ချက်တွေဟာလည်း တိကျသေချာသူ ဖြစ်တယ်လို့ ချီးကျူးနေကြပါတယ်။  ဘာစီလိုနာကတော့ မက်ဆီလက်သစ်ကို အများကြီး မျှော်လင့်ထားပုံရပြီး ၅ နှစ်စာချုပ်ထဲမှာ ကစားသမားကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ဖျက်သိမ်းထွက်ခွာကြေး ပေါင်သန်း ၄၂၀ ပေးရမယ့် အချက်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
1 year Ago
Up