မက်ဆီ၏ ဖခင်

September 3, 2020

မက်ဆီ၏ ဖခင်နှင့် ဘာစီလိုနာ ဥက္ကဋ္ဌ ဆွေးနွေး

မက်ဆီရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူဂျော့မက်ဆီဟာ မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူနဲ့ ဆွေးနွေးခဲ့ပါတယ်။  မက်ဆီဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောဆိုခဲ့ပြီး အသင်းဘက်ကတော့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ့်ပုံမရှိပါဘူး။  မက်ဆီဟာ ဘာစီလိုနာအသင်းကနေ တကယ်ထွက်ခွာတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပုံရပြီး အသင်းရဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်စစ်ဆေးခြင်းကို လာရောက်ခဲ့ခြင်းမရှိသလို ကိုးမန်းလက်ထက် ပထမဆုံးသော  လေ့ကျင့်ရေးအစီစဉ်မှာလည်း မပူးပေါင်းခဲ့ပါဘူး။  မက်ဆီရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူက ဘာစီလိုနာအသင်းဥက္ကဋ္ဌနဲ့ တွေ့ဆုံကာ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ဘာစီလိုနာမြို့ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။  လေဆိပ်ကို ရောက်ရောက်ခြင်း သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဂျော့ဂျ်က “ငါဘာမှသိပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။  ဒါပေမဲ့ နောက်ပိုင်းမေးမြန်းချက်တွေမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ တော်တော်လေး ခက်ခဲသွားခဲ့ပါပြီလို့ ပြောဆိုခဲ့ပါတယ်။ မန်စီတီးအသင်းကို ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့တော့ သူဘာမှမသိရ သေးကြောင်းပြောခဲ့ပါတယ်။  မန်စီတီးအသင်းဟာ မက်ဆီပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီးနေတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး ကစားသမားကိုယ်တိုင်ဟာလည်း မန်စီတီးနည်းပြ ဂွါဒီယိုလာနဲ့ ဖုန်းဆက်ပြောဆိုမှုရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။  ဒါပေမဲ့ ဘာစီလိုနာအသင်းဘက်ကတော့ သူအသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် ယူရိုသန်း ၇၀၀ တန်စာချုပ်ဖျက်သိမ်းကြေးရှိနေတယ်လို့ အတည်ပြုပြောဆိုထားတာကြောင့် ခေါ်မယ့်အသင်းဟာ ဒီပမာဏကို ပေးချေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ စာချုပ်ထဲမှာ ပါတဲ့ဒီအချက်ဟာ ပျက်ပြယ်သွားခဲ့ပြီလို့ ယုံကြည်နေပါတယ်။ 
1 year Ago
Up