မက်ဆီ

January 9, 2022

မက်ဆီက ဆာလက်နှင့် လီဝန်ဒေါစကီးထက် အကောင်းဆုံးကစားသမားဆုရရန် အားသာနေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုရွေးချယ်ရာမှာ မက်ဆီက ဆာလက်နဲ့ လီဝန်ဒေါစကီးတို့ထက်ပိုပြီးအားသာချက်ရှိနေပါတယ်။ 

ဖီဖာဟာ အကောင်းဆုံးဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးစာရင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာသွားခဲ့ပြီး လာမယ့် ဇန်နဝါရီ ၁၇ ရက်မှာ ဆုချီးမြှင့်မှာဖြစ်ပါတယ်။ 

ဆုရွေးချယ်ရာမှာ ဖီဖာကိုယ်စားပြု ရွေးချယ်မယ့် ဒိုင်လူကြီးတွေအနေနဲ့ ၂၀၂ဝ ပြည့်နှစ် အောက်တိုဘာလကနေ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ စွမ်းဆောင်ရည်ကိုပဲ  လေ့လာသုံးသပ်ပြီး ဆုချီးမြှင့်မယ်လို့ တရားဝင်ကြေညာထားပါတယ်။ 

ဒါကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက အခုနှစ်ရာသီမှာ ခြေစွမ်းမပြနိုင်သေးပေမယ့် မနှစ်က စုစုပေါင်း ၄၇ ပွဲမှာ ၄၃ ဂိုးသွင်းခဲ့သလို ကိုပါအမေရိကဖလားလည်းရရှိခဲ့တာကြောင့် အားသာချက်ပိုရှိနေတာပါ။ 

ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၅၁ ဂိုး သွင်းခဲ့လို့ ကလပ်နဲ့စွမ်းဆောင်ရည်မှာ ယှဉ်နိုင်ပေမယ့် ဆာလက်ကတော့ အခုနှစ်ရာသီမှာ ပိုမိုခြေစွမ်းပြသခဲ့တာတွေက ထည့်သွင်းတွက်ချက်မှာ မဟုတ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ထောက်ပြခဲ့ပါတယ်။ 

ဖီဖာကချီးမြှင့်မယ့် အကောင်းဆုံးဆုရွေးချယ်ရာမှာ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေရဲ့ မဲပေးမှုကိုလည်း ထည့်သွင်းတွက်ချက်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကလည်း ဖီဖာဝက်ဘ်ဆိုဒ်မှာ မှတ်ပုံတင်ပြီး ဝင်ရောက်မဲပေးနိုင်ပါတယ်။

2 weeks Ago

January 8, 2022

ဖီဖာကမ္ဘာ့အကောင်းဆုံးဆုအတွက် မက်ဆီ၊ လီဝန်ဒေါစကီးနှင့် ဆာလက်တို့ အပြိုင်လုရမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံး စကာတင် ၃ ဦး ထုတ်ပြန်ခဲ့ရာမှာ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဆာလက်တို့ ပါဝင်လာ ပါတယ်။ 

သူတို့ ၃ ဦးထဲကနေ ဘယ်သူက အကောင်းဆုံးကစားသမားဆုရမလဲဆိုတာ နိုင်ငံ့လက်ရွေးစင် နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ရ မှာဖြစ်ပါတယ်။ 

နောက်ဆုံး ၃ ဦးအဆင့်မှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ၂၀၀၇ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ် ပါဝင်ခဲ့ခြင်းမရှိခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းက ကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးက ကစားသမားတွေ ပါဝင်ခြင်းမရှိတာကတော့ ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဆုကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရ ရရှိခဲ့ပါတယ်။ 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုမှာတော့ မက်ဆီက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။ 

ဖီဖာရဲ့အကောင်းဆုံး ဆုတွေပေးအပ်ချီးမြှင့်ပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

2 weeks Ago
More News
Up