မက်ဂွိုင်ယားကို

August 3, 2019

မက်ဂွိုင်ယားကို ပေါင်သန်း ၈ဝ ဖြင့် မန်ယူအသင်း အပြီးသတ်ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ အပြောင်းအရွှေ့ပိတ်သိမ်းချိန်အမီ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ခံကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြစ်လာပြီးတော့ ပြီးခဲ့တဲ့နှစ်က လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ရဲ့ ပေါင် ၇၅ သန်းတန်ကြေးထက်ပို များသွားခဲ့တာလည်း ဖြစ်ပါတယ်။  မက်ဂွိုင်းယားဟာ ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်းရှိတဲ့စာချုပ် ချုပ်ဆိုခဲ့တာလို့ သိရပြီး တပတ်လုပ်ခ ပေါင် ၂ သိန်းထိ ရရှိမှာလည်းဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဗြိတိန်ကစားသမား ၃ ဦးအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ လောက်သုံးစွဲခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်နောက်ထပ်ကစားသမားတဦးဖြစ်တဲ့ လူကာကူဟာလည်း အီတလီမြေမှာ သွားရောက်ကစားဖို့ရှိနေပြီး ဂျူဗင်တပ်စ် အသင်း ဒါမှမဟုတ် အင်တာမီလန်အသင်းထံ ပြောင်းရွှေ့မယ့်အခြေအနေမှာ ရှိနေပါတယ်။  ယူနိုက်တက်နဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ နောက်ထပ်အပြောင်းအရွှေ့ဟာလည်း လူကာကူနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို လဲလှယ်မှုဖြစ်လို့ မကြာခင်မှာတော့ အတည်ပြုချက်တွေ ထွက်လာနိုင်ပါတယ်။
Zawgyi Version မက္ဂြိဳင္ယားကို ေပါင္သန္း ၈ဝ ျဖင့္ မန္ယူအသင္း အၿပီးသတ္ေခၚယူ DVB မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာစီးတီးေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားကို ေပါင္သန္း ၈၀ နဲ႔ အေျပာင္းအေ႐ႊ႕ပိတ္သိမ္းခ်ိန္အမီ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေနာက္ခံကစားသမားေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံးျဖစ္လာၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္က လီဗာပူးအသင္းကို ေရာက္ရွိလာခဲ့တဲ့ ဗန္ဒိုက္ရဲ႕ ေပါင္ ၇၅ သန္းတန္ေၾကးထက္ပို မ်ားသြားခဲ့တာလည္း ျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ယူႏိုက္တက္နဲ႔ ၅ ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာလို႔ သိရၿပီး တပတ္လုပ္ခ ေပါင္ ၂ သိန္းထိ ရရွိမွာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ၿဗိတိန္ကစားသမား ၃ ဦးအတြက္ စုစုေပါင္း ေပါင္သန္း ၁၅၀ ေလာက္သုံးစြဲခဲ့တာလည္း ျဖစ္ပါတယ္။ ယူႏိုက္တက္ေနာက္ထပ္ကစားသမားတဦးျဖစ္တဲ့ လူကာကူဟာလည္း အီတလီေျမမွာ သြားေရာက္ကစားဖို႔ရွိေနၿပီး ဂ်ဴဗင္တပ္စ္ အသင္း ဒါမွမဟုတ္ အင္တာမီလန္အသင္းထံ ေျပာင္းေ႐ႊ႕မယ့္အေျခအေနမွာ ရွိေနပါတယ္။ ယူႏိုက္တက္နဲ႔ သတင္းေတြ ဆက္တိုက္ထြက္ေပၚေနတဲ့ ေနာက္ထပ္အေျပာင္းအေ႐ႊ႕ဟာလည္း လူကာကူနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ဒီဘားလားကို လဲလွယ္မႈျဖစ္လို႔ မၾကာခင္မွာေတာ့ အတည္ျပဳခ်က္ေတြ ထြက္လာႏိုင္ပါတယ္။
2 years Ago
Up