မက်ဂွိုင်ယား

October 16, 2020

အသင်းခေါင်းဆောင်မက်ဂွိုင်ယား ဝေဖန်မှုများကို ကျော်လွှားနိုင်ဟု အင်္ဂလန်နည်းပြ ပြော

မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ဝေဖန်မှုတွေကို ကျော်လွှားနိုင်တဲ့သူ ဖြစ်တယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။  မက်ဂွိုင်းယားဟာ ဒိန်းမတ်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီး မန်ယူ အသင်းမှာလည်း ခြေစွမ်း ပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။  ကွင်းတွင်းမှာ အဆင်မပြေဖြစ်နေသလို ကွင်းပြင်ပမှာလည်း ပြီးခဲ့တဲ့လပိုင်းက ဂရိနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲတခုမှာ ပါဝင်ခဲ့လို့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။  အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဒိန်းမတ်နဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတဲ့ မက်ဂွိုင်းယား အပေါ် ကာကွယ်သွားခဲ့ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်နဲ့ အင်္ဂလန်အသင်းရဲ့ ထိပ်တန်း ကစားသမား တဦးဆိုရင် လူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မက်ဂွိုင်းယားအနေနဲ့ ဒီလို အခြေအနေတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်သူဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြော ပါတယ်။  ဒိန်းမတ်နဲ့ပွဲမှာ အင်္ဂလန်နောက်ခံလူ ရီစီဂျိမ်းလည်း တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ထပ်မဖြစ်ဖို့ သင်ခန်းစာယူကြဖို့ လိုတယ်လို့ ဆောက်ဂိတ်က သတိ ပေးခဲ့ပါတယ်။ 
7 months Ago

July 6, 2020

မက်ဂွိုင်ယားကို ကူညီနိုင်မည့် နောက်ခံလူတဦးခေါ်ယူရန် ပေါလ်စခိုး တိုက်တွန်း

မန်ယူအသင်းအနေနဲ့ မက်ဂွိုင်ယားကို ကူညီနိုင်မယ့် နောက်ခံလူတဦး ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ကစားသမားဟောင်း ပေါလ်စခိုးက တိုက်တွန်းလိုက်ပါတယ်။ နောက်ခံလူ မက်ဂွိုင်ယားဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ဂျူနီယာစတမ်နစ်လက်စ်ရဲ့ ကျော်ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ ပေါလ်စခိုးက ကျေနပ်မှုမရှိသေးတာ ဖြစ်ပါတယ်။ လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းကလည်း ကောင်းမွန်နေပေမယ့်  မက်ဂွိုင်ယားရဲ့ နေရာလွတ်တွေကနေ ပြိုင်ဘက်ကစားသမားတွေက အခွင့်အရေးယူနိုင်ပြီး ရီယိုဖာဒီနန်နဲ့ ဂျက်စတမ်းလို ကစားသမားတွေ လိုအပ်နေတယ်လို့ ပေါလ်စခိုးက ပြောပါတယ်။ မန်ယူအသင်းအနေနဲ့ မန်စီးတီးအသင်းနဲ့ ယှဉ်မယ်ဆိုရင်  မိုင်ပေါင်းများစွာ မကွာဟတော့ဘဲ နှစ်ယောက်၊ သုံးယောက်လောက် ခေါ်ယူအားဖြည့်ရုံနဲ့ လာမယ့်ရာသီမှာ ယှဉ်ကစားနိုင်လိမ့်မယ်လို့ ပေါလ်စခိုးလ်က ပြောပါတယ်။  မန်ယူအသင်းအနေနဲ့ မန်စီးတီးနဲ့ လီဗာပူးကို စိန်ခေါ်နိုင်ဖို့အတွက် တိုက်စစ်မှူးတဦးလည်း လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ 
10 months Ago
Up