မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း စီနာလိုအာပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေဟာ မက်သာဖက်တမင်း စိတ်ကြွဆေး ၁၇ တန် ထုတ်လုပ်နိုင်တဲ့ မူးယစ်ဓာတ်ခွဲခန်း ၃ ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇွန်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။
အယ်လ်ဒိုရာဒို ဒေသတွင်းမှာ အပူချိန်မြင့်တက်နေတာကို အာဏာပိုင်တွေက သတိထားမိအပြီး နောက်ပိုင်းမှာ ဓာတ်ခွဲခန်းတွေ ရှာတွေ့ခဲ့တာပါ။
အာဏာပိုင်တွေ ရောက်လာချိန်မှာ အလုပ်လုပ်နေသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတွေက ယူဆနေကြပြီး မက်သာဖက်တမင်း ပထမအဆင့် ပစ္စည်းတွေကို အဲဒီနေရာကနေ သိမ်းဆည်းရမိခဲ့ပါတယ်။
စီနာလိုအာပြည်နယ်ဟာ အမေရိကန်မှာ တရားရင်ဆိုင်နေရတဲ့ မူးယစ်ရာဇာ ယွာချင် အယ်လ်ချာပို ဂက်ဇ်မန်းရဲ့ ရာဇဝတ်ဂိုဏ်း လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။
2 years Ago