မက်ဒရစ်မြို့

December 7, 2018

တောင်အမေရိကဖလား ဗိုလ်လုပွဲကို စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပမည်

ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာ အသင်းသားတွေဟာ တောင်အမေရိကဖလား ဗိုလ်လုပွဲကစားဖို့အတွက် မက်ဒရစ်မြို့ကို ဒီဇင်ဘာ ၅ ရက်က ရောက်ရှိလာပါတယ်။ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာအသင်းတို့ဟာ ပထမအကျော့က ၂ ဂိုးစီ သရေကျထားပြီး ဒုတိအကျော့မှာ ပရိသတ်သောင်းကျန်းမှု ဖြစ်ခဲ့လို့ ကွင်းပြောင်းပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။ နိုဝင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ ပထမအကျော့မှာတော့ ဘိုကာဂျူနီယာအသင်းက အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျထားခဲ့တာပါ။ နိုဝင်ဘာ ၂၄ ရက်မှာ ဒုတိယအကျော့ ကစားစဉ်က ရေးဗားပလိတ် ပရိသတ်တွေက ဘိုကာဂျူနီယာအသင်းရဲ့ ကားကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့လို့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။ ဒါကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်မှာ စပိန်နိုင်ငံမှာရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်း အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ လီဗာတာဒိုရစ်ဖလားဟာ ဥရောပချန်ပီယံလိဂ်လို တောင်အမေရိကရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ ပြင်ပမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
3 years Ago

September 19, 2018

စပိန်တွင် ရစ်ဇ်ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ငြမ်းပြိုကျ၊ လူ ၁ ဦးသေဆုံး

စပိန်နိုင်ငံ မက်ဒရစ်မြို့က ပြုပြင်မွမ်းမံဆဲ ရစ်ဇ်ဟိုတယ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ငြမ်းပြိုကျမှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ စပိန်နိုင်ငံပိုင်ရုပ်သံ TVE က သတင်းဖော်ပြပါတယ်။ နောက်ထပ် လူ ၁၂ ဦး နီးပါးလည်း ဒဏ်ရာရခဲ့တယ်လို့ မက်ဒရစ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ခြောက်ထပ်မှာ တပ်ဆင်ထားတဲ့ သံကြွပ်ကြောင့် အခုလိုပြိုကျတာ ဖြစ်နိုင်တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ ၆ ထပ်မှာရှိတဲ့ သံကြွပ်ကြောင့် ငြမ်းစင်ပြိုကျမှု ဖြစ်စေခဲ့တယ်လို့ TVE သတင်းမှာ ဖော်ပြပါတယ်။ ဒီဟိုတယ်ကို ဖေဖော်ဝါရီလကတည်းက စတင်မွမ်းမံ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်နှစ်ကုန်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ မျှော်လင့်ထားပါတယ်။
3 years Ago
Up