မက်ဒရစ်မာစတာ တင်းနစ်ပြိုင်ပွဲ အန်ဒီမာရေးကိုနိုင်ပြီး ဂျိုကိုဗစ် ဗိုလ်စွဲ

May 9, 2016

မက်ဒရစ်မာစတာ တင်းနစ်ပြိုင်ပွဲ အန်ဒီမာရေးကိုနိုင်ပြီး ဂျိုကိုဗစ် ဗိုလ်စွဲ

စပိန် မက်ဒရစ်မာစတာ တင်းနစ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်က အန်ဒီမာရေးကို ၆-၂၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ရသွားပါတယ်။ ဂျိုကိုဗစ်အတွက်ကတော့ ဒုတိယမြောက် မက်ဒရစ် မာစတာဖလား ဖြစ်ပြီး မာရေးကတော့ ချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ ကာတာအိုးပင်း၊ အင်ဒီယံ ၀ဲစ်၊ မီယာမီ အိုးပင်း၊ သြစတြေးလျ အိုးပင်း ဖလားတွေကို သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဂျိုကိုဗစ်အတွက် ပဉ္စမမြောက်ဖလား ဖြစ်လာပါတယ်။ သြစတြေးလျ အိုးပင်းမှာ ဂျိုကိုဗစ်နဲ့ မာရေးတို့ ဗိုလ်လုပွဲမှာ ဆုံခဲ့တုန်းကလည်း ဂျိုကိုဗစ်ကပဲ အနိုင်ရခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ ၂၀၁၁ ခုနှစ်ကလည်း မက်ဒရစ်အိုးပင်းဖလား ရခဲ့ဖူးလို့ ဒီတကြိမ်က သူ့အတွက် ဒုတိယမြောက် ဆုဖလား ဖြစ်ပါတယ်။
6 years Ago
Up