မက်ဆီ လေးဂိုးသွင်းပြီး ဘာစီလိုနာက အီဘာကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင်

September 20, 2017

မက်ဆီ လေးဂိုးသွင်းပြီး ဘာစီလိုနာက အီဘာကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံ)

စပိန်လာလီဂါ ပွဲစဉ် ၅ အဖြစ် ဘာစီလိုနာနဲ့ အီဘာတို့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုး ၄ ဂိုး အပါအဝင် ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်မှူး ဆွာရက်ဇ်ကို အနားပေးခဲ့သလို ဒဏ်ရာရနေတဲ့ ဒမ်ဘီလီလည်း ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန်ရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၂၀ မှာ ပယ်နယ်တီမှတဆင့် မက်ဆီက အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၃၈ မိနစ်မှာ ပေါ်လင်ဟိုက ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ပြီး ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ၅၂ မိနစ်မှာ ဒန်းနစ္စဆွာရက်ဇ်၊ ၅၉၊ ၆၂ နဲ့ ၈၇ မိနစ်တွေမှာ မက်ဆီတဦးတည်း ဂိုးတွေဆက်သွင်းခဲ့ပါတယ်။ အီဘာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ အန်းရစ်ခ်ျက သွင်းယူပေးခဲ့ပါတယ်။
4 years Ago
Up