မက်ဆီ ဟက်ထရစ်သွင်းပြီး ဘာစီလိုနာ နိုင်ပွဲဆက်သည့် စံချိန်တင်

A d v e r t i s e m e n t With Us

September 14, 2016

မက်ဆီ ဟက်ထရစ်သွင်းပြီး ဘာစီလိုနာ ၇ ဂိုးပြတ်ဖြင့် ဆဲလ်တစ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု စီ အဖွင့်ပွဲစဉ်မှာ ဘာစီလိုနာက တိုက်စစ်မှူး မက်ဆီရဲ့ ဟက်ထရစ်ဂိုး အပါအ၀င် ၇ ဂိုးပြတ်နဲ့ ဆဲလ်တစ်ကို အနိုင်ရသွားပါတယ်။ မက်ဆီအတွက်တော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ဟက်ထရစ်ဂိုး ရယူနိုင်တာ ဖြစ်ပါတယ်။ ဆဲလ်တစ်အတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆုံးဝါး ဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဘာကာအတွက် ကျန်တဲ့ အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဆွာရက်က ၂ ဂိုး၊ နေမာက ၁ ဂိုးနဲ့ ကွင်းလယ်ကစားသမား အင်နက်စတာက ၁ ဂိုးစီ အသီးသီး သွင်းယူပါတယ်။ ဒီပွဲမှာ ဘာစီလိုနာရဲ့ ၃ ယောက် တိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဆွာရက်တို့ အတွဲကို ထုတ်သုံးသွားပါတယ်။ သူတို့ ၃ ယောက်အတွဲဟာ အသင်းအတွက် စုစုပေါင်း ၂၅၃ ဂိုး သွင်းပေးထားပြီး တခြားသူတွေ ဂိုးသွင်းနိုင်အောင် အကြိမ် ၁၂၀ မက ဖန်တီးပေးထားပါတယ်။ ဘာကာကပဲ အိမ်ကွင်းမှာ တဖက်သတ် စိတ်ကြိုက်ကစားပြီး အနိုင်ရသွားတာပါ။ ဒီပွဲနိုင်လို့ ဘာစီလိုနာက အုပ်စု စီ မှာ ၃ မှတ် ရသွားပါတယ်။
4 years Ago

March 4, 2016

မက်ဆီ ဟက်ထရစ်သွင်းပြီး ဘာစီလိုနာ နိုင်ပွဲဆက်သည့် စံချိန်တင် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ဗလက်ကာနိုအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲအားလုံးမှာ ၃၅ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၂၂ မိနစ်မှာ ရစ်ကီတစ်က ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက် ပထမပိုင်း ၂၃ မိနစ်မှာ မက်ဆီက  ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်နဲ့ ၇၂ မိနစ်မှာ မက်ဆီက နောက်ထပ်ဂိုးတွေ သွင်းယူပြီး ဟက်ထရစ် ရယူသွားခဲ့ပါတယ်။ ၅၇ မိနစ်မှာ ဗလက်ကာနိုက ချေပဂိုး တဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ အက်သလက်တီကိုကနေ ပြောင်းလာတဲ့ အာဒါတူရန်က ဘာစီလိုနာအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မက်စီ ဟက်ထရစ်သွင်းယူနိုင်တဲ့အတွက် ဒီရာသီမှာ သွင်းဂိုး ၃၃ ဂိုးရှိသွားပြီ ဖြစ်ပါတယ်။ ပထမပိုင်း ၄၂ မိနစ်နဲ့ ဒုတိယပိုင်း ၆၇ မိနစ်မှာ ဗလက်ကာနို ကစားသမား ၂ ဦး အနီကတ်ပြ အထုတ်ခံရလို့ ကစားသမား ၉ ဦးတည်းနဲ့ ကစားသွားခဲ့ရပါတယ်။ ဘာစီလိုနာက အမှတ်ပေးဇယားမှာ ၂၇ ပွဲကစား ၆၉ မှတ်နဲ့ အဆင့် ၁ နဲ့ ဒုတိယနေရာက အက်သလက်တီကိုကို ၈ မှတ်ဖြတ်ထားနိုင်သလို ဗလက်ကာနိုကတော့ ၂၇ ပွဲကစား ၂၆ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up