မက်ဆီ တရားရုံးတွင် စစ်ဆေးခံမည်

A d v e r t i s e m e n t With Us

May 27, 2016

မက်ဆီ တရားရုံးတွင် စစ်ဆေးခံမည်

အခွန်လိမ်လည်မှု စွပ်စွဲချက်နဲ့ ဘာစီလိုနာကစားသမား လိုင်ယွန်နယ် မက်ဆီကို အာဂျင်တီးနား တရားရုံးက ဆင့်ခေါ်လိုက်ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲ ချီလီနဲ့မကစားမီ ၄ ရက်အလို ဇွန် ၂ ရက်မှာ မက်ဆီက အခွန်လိမ်လည်မှုနဲ့ ပတ်သက်ပြီး အပြစ်ကင်းရှင်းကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။ ဇွန် ၂ ရက်မှာ မက်ဆီက တရားရုံးကို လာရောက် အမှုရင်ဆိုင်မယ်လို့ စပိန်သတင်း EFE က အတည်ပြု ရေးသားပါတယ်။ မက်ဆီနဲ့ ဖခင်ဖြစ်သူတို့ကို တရားရုံး ၃ ခုက ၂၀၀၇-၀၉ ခုနှစ်ကာလအတွင်း အခွန်လိမ်လည်မှုနဲ့ တရားစွဲဆိုထားတာပါ။ မက်ဆီ တရားရင်ဆိုင်ရပေမယ့် အမေရိကန်မှာ ကျင်းပမယ့် ကိုပါအမေရိက ပြိုင်ပွဲမှာတော့ ပါဝင်ကစားနိုင်မယ်လို့ နည်းပြက ပြောပါတယ်။
5 years Ago
Up