မက်ဆီ ဂိုး ၅၀၀ ပြည့်ပြီ၊ ဘာစီလိုနာ ၁ - ၂ ဗယ်လန်စီယာ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

April 18, 2016

မက်ဆီ ဂိုး ၅၀၀ ပြည့်ပြီ၊ ဘာစီလိုနာ ၁ - ၂ ဗယ်လန်စီယာ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲမှာ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဗယ်လန်စီယာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ အဲ့ဒီပွဲမှာ မက်ဆီက သူရဲ့ ဂိုးပေါင်း ၅၀၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါမှာ ထိပ်ဆုံးရောက်နေတဲ့ ပြိုင်ဘက် ဘာစီလိုနာရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူဖို့ ရီးရဲလ်နည်းပြ ဇီဒန်းက အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ရာသီအစကတည်းက ဇယားကို ဦးဆောင်လာနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာ အနေနဲ့  ရီးရဲလ်၊ ဆိုစီဒက် နဲ့ ဗယ်လင်စီယာတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက်  ၃၃ ပွဲ ကစား ၇၆ မှတ်နဲ့  အက်သလက်တီကို နဲ့ အမှတ်တူသွားပါတယ်။ ဂိုးကွာခြားချက် ထိပ်ဆုံးမှာရှိနေပေမယ့် တတိယလိုက်နေတဲ့   ရီးရဲလ်ကိုလည်း ၁ မှတ်သာ ဖြတ်ထားနိုင်ပါတယ်။ လာလီဂါမှာ ထိပ်ဆုံး ၃ သင်းဟာ ဖလားရရရေးအတွက် အကြိတ်အနယ် ရှင်ပြိုင်ရမယ့် အခြေအနေဖြစ်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ချယ်ပီယံလိဒ်ပြိုင်ပွဲမှာ အက်သလတီကို မက်ဒရစ်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးဖြစ်ပါတယ်။ ရီးရဲလ်ကတော့  ချန်ပီယံလိဂ်မှာ  ဆီမီးဖိုနယ်ကို တက်ရောက်သွားခဲ့ပြီး မန်စီးတီးအသင်းနဲ့  ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up