မက်ဆီ၊ ဆွာရက်ဇ်တို့၏ သွင်းဂိုးဖြင့် အက်သလက်တီကိုကို ဘာစီလိုနာ အနိုင်ယူ

February 2, 2017

မက်ဆီ၊ ဆွာရက်ဇ်တို့၏ သွင်းဂိုးဖြင့် အက်သလက်တီကိုကို ဘာစီလိုနာ အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဖေဖော်ဝါရီ ၁ ရက်ညက ယှဉ်ပြိုင်ရာ ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ၇ မိနစ်မှာပဲ ဆွာရက်ဇ်က ဘာစီလိုနာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာ မက်ဆီက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ တိုက်စစ်မှူး ဂရစ်ဇ်မန်းက သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်သင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့ကျရင် ဘာစီလိုနာကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
4 years Ago
Up