မက်ဆီမွေးနေ့

June 24, 2018

မက်ဆီမွေးနေ့အတွက် မက်ဆီအရွယ်အစားအတိုင်း ချောကလက်ကိတ်မုန့် ပြုလုပ်

ရုရှားနိုင်ငံ၊ မော်စကိုမြို့က ကိတ်မုန့်ရောင်းချသူတွေဟာ အာဂျင်တီးနားဘောလုံးအသင်း ကွင်းလယ်အားကစားသမား မက်ဆီမွေးနေ့အတွက် မက်ဆီရဲ့ကိုယ်လုံးအရွယ်အစား ချောကလက်ကိတ်မုန့် တခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီမွေးနေ့ကိတ်ကို ဇွန်လ ၂၄ ရက်မှာ ကျရောက်တဲ့ မက်ဆီရဲ့ ၃၁ နှစ်ပြည့်မွေးနေ့ပွဲ အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ မွေးနေ့ကိတ်ခွဲပွဲကို   ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အာဂျင်တီးနား အသင်းတည်းခိုတဲ့နေရာမှာ အနီးမှာ ပြုလုပ်မှာပါ။ မက်ဆီဟာ သူ့မွေးနေ့ကို ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ကုန်ဆုံး မယ်ဆိုတာ သိရှိခဲ့ပြီးနောက် အခုလိုကိတ်မုန့်လုပ်ဖို့ စိတ်ကူးရလာတာလို့ မုန့်ကို ပြုလုပ်ခဲ့တဲ့ အယ်လ်တူရှီဗာ မုန့်တိုက်က ပြောပါတယ်။
3 years Ago
Up