မက်ဆီနာမည်နဲ့ ကျောနံပါတ် ၁၀ ကို ကျွတ်ကျွတ်အိတ် အင်္ကျီပေါ်မှာ ရေးသားဝတ်ဆင်လို့ မက်ဆီ လက်မှတ်ရေးထိုးထားတဲ့ အင်္ကျီကို ရရှိခဲ့တဲ့ အာဖဂန် ကျေးလက်ဒေသက ၅ နှစ်အရွယ်ကလေး မိသားစုဟာ ခြိမ်းခြောက်ခံရတာကြောင့် ပါကစ္စတန်ကို ထွက်ပြေးသွားပါတယ်။
ငွေတောင်းလေ့ရှိတဲ့ ဂိုဏ်းက ပြန်ပေးဆွဲမယ် ခြိမ်းခြောက်လို့ ထွက်ပြေးတာဖြစ်ကြောင်း မောတာဇာ အာမဒီရဲ့ ဖခင်က မေ ၃ ရက်မှာပြောပါတယ်။
ဒေသခံ ဂိုဏ်းအဖွဲ့က ဖုန်းဆက်ခဲ့သလို မက်ဆီက သားကို တီရှပ်တွေပေးတဲ့အတွက် ဂိုဏ်းအဖွဲ့တွေကလည်း ငွေရနိုင်ကြောင်း မှတ်ထင်ထားတယ်လို့ မာတာဇာရဲ့အဖေက ပြောပါတယ်။ အရမ်းကို အန္တရာယ်ရှိတဲ့ ဂါဇန်ခရိုင်ကို စွန်ခွာခဲ့ပြီလို့ သူက ဆိုပါတယ်။
မာတာဇာရဲ့ မိသားစုတွေက ပါကစ္စတန် အစ္စလာမာဘတ်မှာ ခဏနေထိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ကျွတ်ကျွတ်အိတ်အင်္ကျီပေါ်မှာ မက်ဆီနာမည်နဲ့ ကျောနံပါတ်ကို ရေးသားပြီး ၀တ်ဆင်ခဲ့လို့ လူမှုရေးကွန်ရက် မီဒီယာပေါ်မှာ အာမဒီက လူသိများခဲ့ပါတယ်။ ဒီနောက်မှာ မက်ဆီက လက်မှတ်ထိုးထားတဲ့ အကျီ ၂ ထည်နဲ့ ဘောလုံးကို မာတာဇာကို ပေးခဲ့ပါတယ်။
5 years Ago