မက်ဆီအင်္ကျီရသွားသည့် အာဖဂန်က ကလေးငယ်

February 26, 2016

မက်ဆီအင်္ကျီရသွားသည့် အာဖဂန်က ကလေးငယ် (ရုပ်သံ)

မက်ဆီနာမည်နဲ့ ကျောနံပါတ် ၁၀ ကို ကျွတ်ကျွတ်အိတ် အင်္ကျီပေါ်မှာ ရေးသားဝတ်ဆင်တဲ့ အာဖဂန် ကျေးလက်ဒေသက ၅ နှစ်အရွယ် မာတာဇာ အာမဒီဟာ မက်ဆီ လက်မှတ်ရေးထိုးထားတဲ့ အင်္ကျီကို ရရှိခဲ့ပါတယ်။ ကျွတ်ကျွတ်အိတ်အင်္ကျီပေါ်မှာ မက်ဆီနာမည်နဲ့ ကျောနံပါတ်ကို ရေးသားပြီး ၀တ်ဆင်ခဲ့တဲ့ အမည်မသိတဲ့ ၅ နှစ်သားကလေးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီနောက် သူဘယ်သူလဲဆိုတာ စုံစမ်းခဲ့ပြီးတဲ့နောက် မက်ဆီက အခုလို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက ကုလသမဂ္ဂ ကလေးများရန်ပုံငွေကနေတဆင့် ဒီကလေးဆီကို အင်္ကျီပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူက မက်ဆီကို ချစ်သလို မက်ဆီကလည်း သူ့ကိုချစ်တယ်လို့ အာမဒီက ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကနေ တဆင့် ပြောပါတယ်။ ဒါ့အပြင် ကလေးက မက်ဆီနဲ့ တွေ့ဖို့အတွက် စပိန်ကိုသွားရောက်ဖို့ လုပ်နေတယ်လို့လည်း သတင်းတွေက ရေးပါတယ်။
6 years Ago
Up