မက်ဂရီဂေါ

January 31, 2019

ပြိုင်ပွဲအပြီး ရန်ဖြစ်ခဲ့သည့် MMA ကစားသမား မက်ဂရီဂေါနှင့် ခါဘစ် ပြစ်ဒဏ်ချမှတ်ခံရ

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က MMA ကစားသမား ၂ ဦးကို အောက်တိုဘာလ ပြိုင်ပွဲအပြီး ရန်ဖြစ်မှုအတွက် ပွဲဆိုင်းငံ့ပြစ်ဒဏ်နဲ့ ဒဏ်ငွေချမှတ်ဖို့ ဇန်နဝါရီ ၂၉ ရက်က မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။ ကော်နာ မက်ဂရီဂေါနဲ့ ခါဘစ် နူမာဂိုမီဒေါ့ဗ်တို့ဟာ လတ်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ UFC 229 ပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ လေးချီမြောက်မှာ ခါဘစ်နူမာဂိုမီဒေါ့ဗ်က အနိုင်ရပြီး UFC Lightweight ချန်ပီယံဆုကို ရခဲ့ပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်ထိုးသတ်ပွဲအပြီးမှာ ခါဘစ်က ကြိုးဝိုင်းဘေးကနေ တွယ်တက်ပြီး သူ့အဖွဲ့နဲ့ မက်ဂရီဂေါကြား လူအုပ်ထဲ ဒိုင်ဗင်ထိုးချခဲ့လို့ အဲဒီနေရာမှာ ရန်ပွဲ ဆက်ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ခါဘစ်ဟာ ပြိုင်ပွဲဝင်ခွင့် ၉ လ ပိတ်ပင်ခံရပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ငါးသိန်း ပေးဆောင်ရမှာပါ။ မက်ဂရီဂေါကတော့ ၆ လ ပွဲပယ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ငါးသောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ခါဘစ်ရဲ့ အဖွဲ့ဝင် ၂ ယောက်လည်း ဒဏ်ငွေနဲ့ ပြစ်ဒဏ်တွေ အသီးသီး စီရင်ခံခဲ့ရပါတယ်။
2 years Ago

January 5, 2019

ခါဘစ်နှင့် မက်ဂရီဂေါ မကြာခင် မကျေပွဲ ပြန်ထိုးမည်ဟု UFC ဥက္ကဋ္ဌ

ခါဘစ်နဲ့ မက်ဂရီဂေါတို့ မကြာခင်မှာ မကျေပွဲ ပြန်လည်ထိုးသတ်တော့မယ်လို့ UFC ရဲ့ ဥက္ကဋ္ဌ ဒေနာဝှိုက်က ပြောကြားလိုက်ပါတယ်။ ရုရှားကစားသမား ခါဘစ်နဲ့ အိုင်ယာလန်နာမည်ကြီးကစားသမား မက်ဂရီဂေါတို့ဟာ ပြီးခဲ့တဲ့နှစ်က ထိုးသတ်ခဲ့ကြတဲ့ UFC 229 မှာ ခါဘစ်က ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီးတော့ လိုက်ဝိတ် ချန်ပီယံဘွဲ့ ရရှိထားခဲ့ပါတယ်။ ခါဘစ်ဟာ မေဝဲသာနဲ့ ထိုးသတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပြီး မက်ဂရီဂေါကလည်း ခါဘစ်နဲ့ရော မေဝဲသာနဲ့ပါ ထိုးသတ်မယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာတော့ နှစ်ဦးစလုံးဟာ ထိုးသတ်ဖို့ ပြောကြားထားခြင်း ဘာမှမရှိသေးပေမယ့် ၂၀၁၉ ထဲမှာ ထိုးသတ်ပွဲက ဖြစ်လာမယ်လို့ ဝှိုက်က အတည်ပြုပြောကြားထားပါတယ်။
2 years Ago
More News
Up