မက်ကာဘီတဲလ်အဗစ်

November 25, 2015

ချဲလ်ဆီး အစ္စရေးကလပ်ကို ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ အုပ်စု (ဆ) မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပထမပိုင်း မိနစ် ၂၀ မှာ ကာဟေးလ်က ထောင့်ကန်ဘောကတဆင့် အဖွင့်ဂိုး သွင်းယူသွားပါတယ်။ ပထမပိုင်း မိနစ် ၄၀ မှာ တဲလ်အဗစ်အသင်းက ဘန်ဟိုင်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ တယောက်လျော့ တဲလ်အဗစ်ကို ချဲလ်ဆီးအသင်းက ဖိအားပေးကစားခဲ့သလို ၇၃၊ ၇၇ နဲ့ ၉၀ မိနစ်တွေမှာ နောက်ထပ်ဂိုးတွေ ထပ်မံ ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ချဲလ်ဆီးအသင်းက အုပ်စု (ဆ) မှာ ၅ ပွဲကစား ၁၀ မှတ်ရပြီး ပေါ်တိုအသင်းနဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။ မက္ကာဘီတဲလ်အဗစ်ကတော့ ၅ ပွဲကစား တမှတ်မှ မရရှိသေးဘဲ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဒီဇင်ဘာ ၉ ရက်မှာတော့ အုပ်စုနောက်ဆုံးပွဲအဖြစ် ချဲလ်ဆီးက ပေါ်တိုကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
7 years Ago
Up