မက္ကဆီစီးတီး

A d v e r t i s e m e n t With Us

June 15, 2020

မက္ကဆီကိုစီးတီးတွင် သမ္မတကို ကားများဖြင့်လှည့်လည် ဆန္ဒပြ

မက္ကဆီကိုမြို့တော် မက္ကဆီကိုစီးတီးမှာ သမ္မတကို ဇွန် ၁၄ ရက်နေ့က မြို့လယ်ခေါင်တလျှောက် ကားတွေ စီတန်းလှည့်လည် မောင်းနှင်ပြီး ဆန့်ကျင်ဆန္ဒပြပါတယ်။  ဆန္ဒပြသူတွေက သမ္မတ အိုဘရာဒါကို ဆန့်ကျင်တဲ့ စာသားတွေကို ကားမှန်တွေနဲ့ ကားကိုယ်ထည်တွေမှာ ကပ်ပြီး၊ ဆိုင်းဘုတ်တွေ တင်ဆောင်ပြီး၊ ကားတန်းကြီးလိုက် မောင်းနှင်ဆန္ဒပြခဲ့ကြတာပါ။  သမ္မတရဲ့ ကိုဗစ်-၁၉ ကပ်ဘေး အကျပ်အတည်းကိုင်တွယ်ပုံနဲ့ စီးပွားရေးပေါ်လစီ တွေကို ဆန့်ကျင်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။  မက္ကဆီကိုစီးတီ မြို့တော်ဝန်ဟောင်း အိုဘရာဒါဟာ ၂၀၁၈ မှာ သမ္မတဖြစ်လာပြီးနောက် အကျင့်ပျက်ခြစားမှု၊ မညီမျှ၊ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။  ဒါပေမဲ့ သူ့ဆုံးဖြတ်ချက်တွေထဲမှာ တပိုင်းတစ ဆောက်လက်စ ဒေါ်လာ ၁၃ ဘီလီယံတန်ကြေးရှိတဲ့ မက္ကဆီကိုစီးတီး လေဆိပ်စီမံကိန်းကို ပယ်ဖျက်ခဲ့တာလည်း ပါဝင်ပါတယ်။  မက္ကဆီကိုမှာ ဇွန် ၁၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃,၄၉၄ ဦး ထပ်တွေ့ခဲ့ရပြီး၊ ၄၂၄ ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။  ဇွန် ၁၅ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ လူနာဦးရေ ၁၄၂,၆၉၀ ဦးနဲ့ သေဆုံးသူ ၁၆,၈၇၂ ဦး ရှိပြီလို့ သိရပါတယ်။
9 months Ago
Up